သတင်းများ

ဟိုပုံးမြို့နယ်တွင် Myanmar National Oral Health Survey ကောက်ယူ
Nov 22,2022
မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော ဒုတိယအကြိမ်မြောက် Myanmar National Oral Health Survey ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်ကုသရေးဦးစီးဌာနမှ ယနေ့မနက် ၁၀ နာရီအချိန်တွင် ဟိုပုံးမြို့အမှတ်(၂)  အခြေခံပညာအထက်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်းပွဲ ကျင်းပ
Nov 22,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ (ကျိုက်လတ်) ၊ စုဝေးခန်းမ၌ ယနေ့ နံနက် (၉) နာရီခွဲ အချိန်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြုပြင်ခြင်းသင်တန်း၊ အိမ်တွင်းလျှပ်စစ် သွယ်တန်းမှုသင်တန်း နှင့် အခြေခံအပ်ချုပ်သင်တန်းများဆင်းပွဲ ကျင်းပခဲ့သည်။
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
Nov 22,2022
ပဲခူးတိုင်းဒေသကြီး၊ စည်ပင်သာယာရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
သရက်မြို့၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက်  ပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပ
Nov 22,2022
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက်  ပြည်သူများနှင့် တွေ့ဆုံခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီက ထုံးတောင် ကျေးရွာရွာလယ်ဓမ္မာရုံတွင် ဆောင်ရွက်ခဲ့ရာ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ကျေးရွာနေ ပြည်သူများ တက်ရောက်ကြသည်။
ပွင့်ဖြူမြို့နယ်တွင် ကျေးရွာ(၅)ရွာအတွက် အကျိုးပြုမည့် ကျေးရွာချင်းဆက်လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှု ၈၅ ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်
Nov 22,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာမှ ဒေသခံကျေးလက်နေပြည်သူများ ရွာသီမရွေးအဆင်ပြေစွာ ကူးလူးဖြတ်သန်းသွားလာနိုင်ရန်အတွက် ကျေးရွာချင်းဆက်လမ်းအရှည်ပေ(၂)မိုင် ဂဝံမြေနီလမ်း ခင်းခြင်းလုပ်ငန်းနှင့် အရှည် (၁၅)ပေ Box Culvert (၃)စင်းတည်ဆောက်ခြင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ၈၅ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနရုံးမှ သိရသည်။
ချောက်/လမ်းရွာ​ရေနံ​မြေ၏၂၀၂၂ -၂၀၂၃ဘဏ္ဍာ​ရေးနှစ်၊MOGE(CSR)နှင့်၂၀၂၂ခုနှစ် GOLDPETROL ကုမ္ပဏီ(CSR)အစီအစဥ်တို့ဖြင့်​​ဆောင်ရွက်ခဲ့သော ကျန်းမာ​ရေး အထောက်အကူ​ပြုပစ္စည်းများနှင့်ပညာ​ရေးသင်​ထောက်ကူပစ္စည်းများလွှဲပြောင်း​ပေးအပ်
Nov 22,2022
 မ​ကွေးတိုင်း​ဒေသကြီး၊ ​​ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ ချောက်/လမ်းရွာ​ရေနံ​မြေ၏၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၊MOGE(CSR)နှင့်၂၀၂၂ခုနှစ်GOLDPETROLကုမ္ပဏီ (CSR)အစီအစဥ်တို့ဖြင့်​​ ဆောင်ရွက်ခဲ့​သော ကျန်းမာ​ရေးအထောက်အကူ​ပြုပစ္စည်းများနှင့် ပညာ​ရေးသင် ထောက်ကူ ပစ္စည်းများလွှဲပြောင်း​ပေးအပ်ပွဲအခမ်းအနားများကို ယမန်​နေ့နံနက်ပိုင်းက ချောက်​ရေနံ​ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံနှင့်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတို့တွင်ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦး​ဌေး​ကျော် တက်ရောက် အမှာစကား​​ပြော​ကြားခဲ့သည်။

မိုင်းခုတ်မြို့၌ ဆောင်းမုန်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိ
Nov 22,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းများနှင့် မွေးမြူရေးလုပ်ငန်းများကိုသာ အဓိကထားလုပ်ကိုင်လျက်ရှိရာ ဆောင်းရာသီတွင်စိုက်ပျိုးသော ရာသီပေါ်မုန်ညင်းစိမ်းများ ဆွတ်ခူးချိန်ရောက်၍ မုန့်ညင်းစိမ်းစိုက်ပျိုးရောင်းချသူများ မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။