မြင်းမူ နိုဝင်ဘာလ ၂၃ ရက်
ယခုရက်ပိုင်းအတွင်း ကွမ်းရွက်ဈေးမြင့်တက်လျက်ရှိရာ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ဝင်ငွေပိုမိုရရှိလျက်ရှိကြောင်း၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းခြံစိုက်ပျိုးလုပ်ကိုင်သူများ ထံမှသိရှိရသည်။
ယခုရာသီတွင် ကွမ်းရွက်ထွက်ရှိမှုကျဆင်းလာခြင်းကြောင့် ကွမ်းရွက်ဈေးမြင့်တက်ခြင်းမှ အဓိကဖြစ်ကြောင်း၊ မိုးရာသီတွင် ကွမ်းအထွက်များ သော်လည်း တစ်ပိသသာလျှင်(၂၀၀)ကျပ်ထိ ဈေးကျဆင်းမှုရှိကြောင်း၊ ကွမ်းရွက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး စိုက်ပျိုးစနစ် မှန်မှန် စိုက်ပျိုးလုပ်ကိုင် ကာပုံမှန်ဝင်ငွေ ရရှိနိုင်ကြောင်း၊ ကုန်ကျစရိတ်အနေဖြင့် အပင်(၃၀၀၀)စိုက်ပျိုးပါက ခြံအပါအဝင် ငွေကျပ်သိန်း(၂၀)ကျော် ကုန်ကျမှုရှိကြောင်း၊ စိုက်ပျိုးပြီး (၇)အကြာမှ စပြီးခူးယူရောင်းချခဲ့ကြောင်း၊ တစ်ခါခူးယူပါက ပိသာ(၅၀)ရရှိပြီး (၁၅)ရက်တစ်ကြိမ် ခူးယူရောင်းချလျှက်ရှိရာ ယခုလက်ရှိဈေး အနေဖြင့် ရှယ်ကွမ်း(၁)ပိသာလျှင် ငွေကျပ်(၁၅၀၀၀)ဈေးရှိပြီး ဗြွန်(၁)ပိသာလျှင်(၁၂၀၀၀)ကျပ် ဈေးထိရရှိနေပြီး ဆက်လက်ပြိးဈေး မြင့်တက်လာနိုင်ကြောင်း ကွမ်းစိုက်ပျိုးလုပ်ကိုင်နေသူခြံပိုင် ရှင်ထံမှ သိရှိရသည်။
မြင်းမူမြို့နယ်တွင် ကွမ်းခြံပေါင်း(၂၀၀၀)ကျော် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ထွက်ရှိသော ကွမ်းရွက်များကို မန္တလေး၊ မူဆည်၊ တောင်ကြီးစသည့် မြို့ကြီးများနှင့် အနယ်နယ်အရပ်ရပ်သို့ တင်ပို့ရောင်းချကြကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)