မာန်အောင်မြို့နယ်၌ မြို့နယ်အဆင့်ကျောင်းပေါင်းစုံ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာ စွမ်းရည် ပြိုင်ပွဲကျင်းပ

မာန်အောင် နိုဝင်ဘာ ၂၃

 

ရခိုင်ပြည်နယ်၊မာန်အောင်မြို့နယ် တွင် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ပညာသင်နှစ်အတွက် မြို့နယ်အဆင့် ကျောင်းပေါင်းစုံအခြေခံပညာ အလယ် တန်း၊ မူလတန်းကျောင်းသား၊ ကျောင်းသူများ၏ စာပေထူးချွန်မှုဘက်စုံဖွံ့ ဖြိုးတိုးတက်စေရန်နှင့်ထူးချွန်ထက်မြက်သော ကျောင်းသား၊ ကျောင်းသူများပေါ်ထွန်းလာစေရန် ရည်ရွယ်၍သင်္ချာစွမ်းရည်ပြိုင်ပွဲနှင့် အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီက  အ.ထ.က(ခွဲ) စျေးတန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဘာသာရပ်ဆိုင်ရာ သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲ တွင်မာန်အောင်မြို့နယ်အတွင်းရှိ အခြေ ခံပညာမူလတန်းGrade5မှ အလယ်တန်းGrade-9အထိ  ကျောင်းသား၊ ကျောင်းသူများဝင်ရောက်​ယှဥ်ပြိုင်ကြရာ  သင်္ချာစွမ်းရည်ဖြေဆိုသူအလယ်တန်း အဆင့်ကျောင်း သား(၂၆)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ဖြေ ဆိုသူ(၂၆)ဦး၊ မူလတန်းအဆင့်သင်္ချာစွမ်းရည်ဖြေဆိုသူ (၉)ဦး၊ အင်္ဂလိပ်စာစွမ်းရည်ဖြေဆိုသူ(၉)ဦး၊ စုစုပေါင်း (၇၀)ဦးဝင်ရောက်ဖြေဆို ယှဥ်ပြိုင်ခဲ့ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သိန်းဖေ(ပြန်/ဆက်)