တံတားဦးမြို့နယ်တွင် မြို့နယ်ပြည်သူ့စာကြည့်တိုက် ( Community Centre )ခန်းမ၌  သစ်သီးဖြင့်အလှဆင်နည်းသင်တန်းကျင်းပ

တံတားဦး  နိုဝင်ဘာ ၂၃

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre)ခန်းမ၌  သစ်သီးဖြင့်အလှဆင်နည်းသင်တန်းကို ယနေ့နံနက်(၁၀) နာရီက ကျင်းပခဲ့ကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်သီတာခိုင်က အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ရွှေခိုင်ကသစ်သီးသည် လူကြီးလူငယ်မရွေး စားသုံးသောအစားအစာဖြစ်ကြောင်း၊ သစ်သီးဖြင့် ရုပ်များဖြင့် ပုံဖော်ရာတွင် လွယ်ကူပြီးတစ်ဦးတည်းဖြင့်ဆောင်ရွက်နိုင်ပါကြောင်း၊ မည်သည့်သစ်သီးမဆို မိမိလိုချင်သည့်ရုပ်ပုံများဖြင့် ပုံဖော်၍ ပြန်လည်ရောင်းချလျှင် အမြတ်အစွန်းရရှိပါကြောင်း ပြောကြားသည် ။

ပုံဖော်ထားသည့် သစ်သီးများကို ဘုရားဆွမ်းတော်လှူခြင်း၊ အလှူပွဲများတွင် လှည့်လည်ရာတွင် အသုံးပြုခြင်း၊ မင်္ဂလာပွဲ အစရှိသည့်နေရာများတွင် တွေ့နိုင်ပါကြောင်း အဆိုပါသင်တန်းကို မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဝင်များ ဌာနဆိုင်ရာအမျိုး သမီးဝန်ထမ်းများ တက်ရောက်ကြပြီး သစ်သီးဖြင့် ပုံဖော်ခြင်းကို လက်တွေ့သင်ကြားသည်။ သစ်သီးဖြင့် အလှဆင်နည်းကို အချိန်မရွေး၊ ရွာမသီမရွေး၊ နေရာဒေသမရွေး ဆောင်ရွက်နိုင်ကြောင်းသိရသည်။

ဦးရဲတင့်( ပြန်/ဆက်)