ရှမ်းပြည်နယ်(အရှေ့ပိုင်း)မှ ရှေးရိုဆန်သည့် အဲန်လူမျိုးများ
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ် ပင်းတောက်ကျေးရွာအုပ်စု၊ တောင်ပေါ်ဒေသရှိ နမ့်လင်းမိုင်ကျေးရွာမှာ အဲန်လူမျိုး အများစုနေထိုင်ကြပါတယ်။ အဲန်လူမျိုးများဟာ အနက်ရောင် ဝတ်စုံကိုသာ ကိုယ်တိုင်ဖန်တီးရက်လုပ်၍ ရှေးရိုးဆန်ဆန် ဝတ်ဆင်ကြပြီး သွားမည်းမှ လှတယ်လို့ ယူဆကြတဲ့အတွက် သူတို့ရဲ့သွားတွေကို မည်းနေအောင်ပြုလုပ်ထားကြပါတယ်။ အမျိုးသားအများစုက ဆံပင်ရှည်ကြီးများဖြင့် ရှေးရိုးဆန်စွာမြင်တွေ့ရပြီး အဲန်လူမျိုးများ၏ ရှေးကြတဲ့ နေထိုင်မှုပုံစံတွေကို ထူးခြားစွာတွေ့မြင်ရ၍ နိုင်ငံခြားသားခရီးသွားတွေကို အဓိက ဆွဲဆောင်နေပါတယ်။