ဒလမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ပြိုင်ပွဲများကျင်းပ

ဒလ နိုဝင်ဘာ ၂၃

ရန်ကုန် တောင်ပိုင်းခရိုင်၊ ဒလမြို့နယ်  လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲနှင့် ပြိုင်ပွဲများကို ယနေ့ နံနက် () နာရီအချိန်က ကျင်းပပြုလုပ် ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ဦးစီးအရာရှိ  ဒေါ်သီတာဝင်းက စာပေ၏ တန်ဖိုးခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများကို အသိပညာပေးဟောပြောရာတွင် လူငယ်များအနေဖြင့် စာပေ၏ တန်ဖိုးကိုသိရှိပြီး ကျောင်းစာသာမက ပြင်ပဗဟုသုတများရရှိစေမည့်  သုတ၊ ရသ စာပေများကို ဖတ်ရှုလေ့လာ သင့်ကြောင်း၊  အသိပညာ၊ အတတ်ပညာဖွံ့ဖြိုးတိုးတက်စေဖို့၊ စဉ်စားဆင်ခြင်ဆုံးဖြတ်နိုင်ဖို့၊ ဉာဏ်အမြော်အမြင်မြှင့်မားဖို့၊ အသိပညာဗဟုသုတ ရရှိစေမည့် စာကောင်းပေကောင်းများကို လေ့လာသင်ယူပြီး စာဖတ်သည့် အလေ့အထများကို  လေ့ကျင့်ပျိုးထောင်ယူရမှာ ဖြစ်ကြောင်း ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကိုယ်လက်လှုပ်ရှား အားကစားပြိုင်ပွဲများကိုကျင်းပပြီး လက်ဆောင်များလည်း ပေးအပ်ခဲ့ကြသည်။ ဆက်လက်ပြီး စာတ်ရှိန်မြှင့်တင်ရေးအတွက် နံရံကပ်စာစောင်များ၊ စာအုပ်များခင်းကျင်း ပြသထားရာတွင် ကျောင်းသား၊ ကျောင်းသူများက  စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။

သီတာဝင်း (ပြန်ဆက်)