ဓနုဖြူ နိုဝင်ဘာ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ အသိပညာပေး (Talk Show)ကို ယမန်နေ့ မွန်းလွဲ ၁:၃၀ အချိန်က Community Center ခန်းမတွင် ကျင်းပခဲ့သည်။
အသိပညာပေး (Talk Show)တွင် လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီမြင့်က ကလေးသူငယ်အခွင့်အရေး သဘောတူစာချုပ်၏ အဓိပ္ပာယ်ကို ရှင်းလင်းပြောကြားခြင်း၊ ကလေးသူငယ်အခွင့်အရေးနှင့် ပတ်သက်၍ ပိုင်းခြားထားသော အချက်များကို ဆွေးနွေးခြင်းနှင့် ကလေးသူငယ်အခွင့်အရေး၏ အခြေခံမူများ၊ အခွင့်အရေးများကို ဆွေးနွေးပြောကြားခဲ့ရာ ကလေးများဟာ လွတ်လပ်စွာပြောဆိုခွင့်၊ သတင်းများရရှိခွင့်၊ မူကြိုသင်ကြားရမဲ့အရွယ်မှာ မူကြိုပညာရေး၊ အတန်းပညာသင်ကြားရမဲ့အရွယ်မှာ အတန်းပညာသင်ကြားခွင့်ရရှိရေး၊ ကလေးတွေအပေါ် ရုပ်ပိုင်းနှင့်စိတ်ပိုင်းဆိုင်ရာ နှိပ်စက်ခြင်းမှ ကာကွယ်ပေးရမည်ဖြစ်ကြောင်း၊ ကလေးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနှောက်အယှက်ပေးမှု၊ လူကုန်ကူးမှုတွေကိုလည်း ကာကွယ်ပေးရမည်ဖြစ်ကြောင်းနှင့် ကလေးတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာလဲ ကလေးတွေရဲ့အယူအစကို ထည့်သွင်းစဉ်းစားပေးဖို့လိုအပ်ကြောင်းဆွေးနွေးပြောကြားခဲ့သည်။
မြို့နယ်(ပြန်/ဆက်)