ကန့်ဘလူ နိုဝင်ဘာ ၂၃
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန်အကျုံးဝင်သူ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ နိုဝင်ဘာ ၂၃ ရက်နံနက် ၉ နာရီက မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ထိုးနှံပေးလျက်ရှိသည်။
အဆိုပါ ကာကွယ်ဆေးလာရောက်ထိုးနှံသူ ပြည်သူများအား ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရမည့် အကြိမ်အလိုက် စာရင်းမှတ်တမ်းရေးသွင်းပြီး ကိုဗစ်- ၁၉ ရောဂါ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ စနစ်တကျထိုးနှံပေးလျက် ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ယနေ့နံနက်ပိုင်းက ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံသူ ၁၁ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး(တတိယအကြိမ်) ၂၉ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး(စတုတ္ထအကြိမ်) ၃ ဦးထိုးနှံပေးပြီးကြောင်းနှင့် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကန့်ဘလူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးစီးရေး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)