သတင်းများ

ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Nov 23,2022
ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ 
ဒလမြို့နယ် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပညာရေးစစ်ကြောင်းအနေဖြင့် ကျောင်းဆောင်သစ်များ တည်ဆောက် နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 23,2022
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် တရားဥပေဒစိုးမိုးရေး၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရန်ရည်ရွယ်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ကာကွယ်ရေးစစ်ကြောင်းဟူ၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သောစစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ပညာရေးစစ်ကြောင်းအနေဖြင့် ယနေ့ နံနက်ပိုင်းက အခြေခံပညာ မူလတန်းကျောင်းများရှိ ကျောင်းဆောင်သစ်များ တည်ဆောက်နေမှုကိုကြည့်ရှုရန် ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
ရွှေဘိုမြို့မစည်ပင်သာယာဈေး၌ မီးဘေးအန္တရာယ် ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Nov 23,2022
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်​ ရွှေဘိုမြို့နယ် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ ပူးပေါင်း၍ ယ​မန်နေ့ နံနက် ၉ နာရီချိန်က မြို့မစည်ပင်သာယာဈေးကြီးတွင် မီးသတ်ရေပိုက်လိုင်းများ ကောင်းမွန်မှုရှိ/မရှိ စစ်ဆေးခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်နည်း သရုပ်ပြဇာတ်တိုက် လေ့ကျင့်မှုများ ပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စည်ပင်သာယာရုံးမှ တာဝန်ရှိသူများနှင့် ဈေးအကျိုးတော်ဆောင်များ တက်ရောက်ခဲ့ကြသည်။
မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲကျင်းပ
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်နှင့် အရန်အဖွဲ့ဝင်များ၏ သားသမီးများအား ပညာသင်ထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နံနက် မြို့နယ်စစ်မှုထမ်းဟောင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဒဂုံမြို့နယ် အမှတ်(၃)အ​ခြေခံပညာ အလယ်တန်း​ကျောင်းတွင် စာဖတ်ဝိုင်းကျင်းပ
Nov 23,2022
ရန်ကုန်တိုင်း​ဒေသကြီး၊ ဒဂုံမြို့နယ် အမှတ်(၃) အ​ခြေခံပညာအလယ်တန်း​ကျောင်းတွင် ယနေ့ နံနက် (၉) နာရီအချိန်က ​ကျောင်းသား​၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွား​စေရန်နှင့်စာဖတ်သည့် အ​လေ့အကျင့်​ကောင်းများ ရရှိ​စေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့ ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူ ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် စံပြရွာသစ်ကျေးရွာအုပ်စုတွင် တည်ထား ကိုးကွယ်လျက်ရှိသော ရှေ့ဟောင်းသမိုင်းဝင် သောကပြည်လုံးချမ်းသာ စေတီတော်မြတ်ကြီး စိန်ဖူးတော်၏ အထွဋ်တော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၈ နာရီအချိန်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် (၇၈)နှစ်မြောက် စာဆိုတော်နေ့ အခမ်းအနားကျင်းပ
Nov 23,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် (၇၈)နှစ်မြောက် စာဆိုတော်နေ့ အခမ်းအနားကို ယနေ့ နံနက် (၉)အချိန်က ဥသျှစ်ပင်မြို့ မြို့နယ်စာရေးဆရာအသင်း အလင်္ကာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ ဆီထွက်သီးနှံနေကြာ စိုက်ခင်းများ စိုက်ပျိူးထားရှိမှုအခြေအနေများကို ယမန်နေ့နေ့လည်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။