မိတ္ထီလာ နိုဝင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် မျိုးဆက်သစ်အင်ဂျင်နီယာ မောင် မယ်သစ်လွင်များအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့မန်နေ့နံနက် ၁၀ နာရီအချိန် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာမြို့နယ် နည်းပညာတတ္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားရာတွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်တွင် ဝင်ခွင့်ရရှိသော ပထမနှစ် ကျောင်းသားကျောင်းသူများအား နွေးထွေးစွာကြိုဆိုပါကြောင်း၊ နည်းပညာတက္ကသိုလ် (မိတ္ထီလာ)မှ သင်ကြားပို့ချပေးသော ဘာသာရပ်များအနေဖြင့် အင်ဂျင်နီယာဘာသာရပ်များကို အထောက်အပံ့ပေးသော ဘာသာရပ်များဖြစ်သည့်အတွက်ကြောင့် သေချာစွာ သင်ယူရန်လိုအပ်ပါကြောင်းနှင့် ဝင်ခွင့်ရရှိသော ပထမနှစ်ကျောင်းသားကျောင်းသူများအား နိုဝင်ဘာလ ၁၁ ရက်နေ့မှ စတင်၍ ကျောင်းစတင် ဖွင့်လှစ် သည့်အတွက်ကြောင့် နည်းပညာတက္ကသိုလ်(မိတ္ထီလာ)၏ ကျောင်း စည်းကမ်း အဆောင်စည်းကမ်းများ၊ ကျောင်း၏ဌာနများအကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး နောက် နည်းပညာတက္ကသိုလ်မှ ပို့ချပေးနေသော ဘာသာရပ်များ၊ သင်ကြားပို့ချမည့် ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာဆရာမများနှင့် မိတ်ဆက်ပေးခဲ့သည်။ ယင်းနောက် သက်ဆိုင်ရာပါမောက္ခများ၊ ဌာနမှူးများနှင့် ဆရာဆရာမများက သင်တန်းပို့ချရမည့် ဘာသာရပ်များ၏ ရည်ရွယ်ချက်များ၊ သင်တန်းနှစ်အလိုက် သင်တန်းကြားပို့ချရမည့် ဘာသာရပ်အလိုက် အသီးသီး ရှင်းလင်းပြောကြားခဲ့ပြီး ပထမနှစ် ဝင်ခွင့်ရကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီး မိတ်ဆက်ခဲ့ကြောင်း သိရသည်။
မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၂-၂၀၂၃ပညာသင်နှစ်အတွက် ပထမနှစ်ဝင်ခွင့်ရ ကျောင်းသားကျောင်းသူ ၁၁၁ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)