သတင်းများ

တောင်တွင်းကြီးမြို့နယ် ဝက္က‌သေးကျေးရွာ၌ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာ တစ်ဧက (၁၁၇) တင်းထွက်ရှိ
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝက္ကသေးကျေးရွာ ကွင်းအမှတ်(၂၆၀၀) ဦးပိုင်အမှတ်(၃၃၉) မြေကွက်အမှတ် (၁၈၆၆)ရှိ  တောင်သူဦး‌အောင်ဇော်ဝင်း၏ လယ်မြေ(၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
နည်းပညာတက္ကသိုလ်(ပင်လုံ)၌မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ
Nov 23,2022
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၂  - ၂၀၂၃ ပညာသင်နှစ် ၊ ပထမနှစ်ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကိုယနေ့နံနက်(၁၀)နာရီက  တက္ကသိုလ် အစည်းအဝေးခန်းမတွင်ကျင်းပသည်။
မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ မရှိမကောင်း ရှိမကောင်းသည့် ကြောက်စိတ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာအုပ်စာပေများမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာရေးတို့ကို ရည်ရွယ်၍ စာရေးဆရာ လှတိုး (စိတ်ပညာ) ၏ “မရှိမကောင်း ရှိမကောင်းသည့်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ငဖဲမြို့နယ်တွင်  ဧရာမင်းနှင့် ရတနာတိုးမိုးစပါးများ စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် စိုက်ပျိုးထားသော မိုးစပါးများ အထွက်နှုန်းကို သိရှိစေရန်ရည်ရွယ်၍   ဧရာမင်းမိုးစပါးနှင့် ရတနာတိုးမိုးစပါး စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့နံနက်ပိုင်းက ရင်းရှည်ကျေးရွာနှင့် အိုးမြေတွင်းကျေးရွာတို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ဂန့်ဂေါမြို့၌ ပြည်သူများ နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး အသိပညာပေးခြင်းနှင့် Mask Campaign အရှိန်အဟုန်မြှင့် ဆောင်ရွက်
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာသူ မိဘပြည်သူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားသည့် အလေ့အကျင့်များရှိစေရန်  Mask Campaign ကို အရှိန်အဟုန်မြှင့်၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းကို လူသွားလူလာများပြားသည့် ဗိုလ်ချုပ် လမ်းမကြီးပေါ်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ယမန်နေ့ နံနက်(၈) နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သီပေါမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီပြုလုပ်နည်းသင်တန်းဖွင့်လှစ်
Nov 23,2022
မိသားစု တစ်ပိုင်တစ်နိုင် အိမ်တွင်းမှုလုပ်ငန်းများမှတစ်ဆင့် အပိုဝင်ငွေတိုးတက်ရရှိစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်တိုင်ပြုလုပ်၍ အသုံးပြုခြင်းဖြင့် ငွေကြေးအကုန်အကျ သက်သာစေရန်တို့အတွက် ရည်ရွယ်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ယနေ့နံနက် (၉)နာရီက    ဘက်စုံသုံးဆပ်ပြာဆီ ပြုလုပ်နည်း သင်တန်းဖွင့် လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့၌ စားသုံးသူကာကွယ်ရေး စာသင်ကျောင်းအခြေပြု အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Nov 23,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ အစားအစာများ ဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းစွာ ရွေးချယ်ဝယ်ယူနိုင်ရန် ရည်ရွယ်ကာ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက မြို့သစ်မြို့၊ ကွက်သစ်ရပ်ကွက်အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လဲချားတွင် ရှမ်းနှစ်(၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရှမ်းနှစ် (၂၁၁၇)နှစ် အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။