သတင်းများ

ချောက်မြို့နယ် မီးဘေးလုံခြုံရေးကော်မတီက မြို့မစျေးမီးဘေးလုံခြုံရေး စစ်ဆေးအကြံပေး ခြင်းလုပ်ငန်းများဆောင်ရွက်
Nov 24,2022
မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊​ ချောက်မြို့နယ်၌ မြို့နယ်မီး​ဘေးလုံခြုံ​ရေး​ကော်မတီက ချောက်မြို့မ​​စျေး မီး​ဘေးလုံခြုံရေးစစ်ဆေး အကြံပေး ခြင်းလုပ်ငန်းများ​ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေများကို ဘဏ္ဍာစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းနှင့်အညီ လွှဲပြောင်းသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး
Nov 24,2022
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး စီမံကိန်းလုပ်ငန်းများ မြန်ဆန်ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ရန်ပုံငွေကို ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တောင်သူများ လက်ဝယ်အရောက် လွှဲပြောင်းအပ်နှံနိုင်ရေးအတွက် ပြည်နယ်အဆင့် ကျေးရွာစီမံကိန်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဘူးသီးတောင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပြီး သရုပ်ပြလေ့ကျင့်
Nov 23,2022
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ(၃)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/သူများ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မြဝတီမြို့၌ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ရရှိသူများအား ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာများချီးမြှင့်
Nov 23,2022
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ် ရရှိသည့် အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးတို့အား ရဲဗလရွှေတံဆိပ်နှင့် ဂုဏ်ပြုစာလွှာ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၊ အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
ဘားအံမြို့နယ် မိန်းမလှကျွန်းကျေးရွာ၌ ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကျင်းပ
Nov 23,2022
ရှမ်းတိုင်းရင်းသားလူမျိုးများပျံ့နှံ့နေထိုင်ရာ နေရာဒေသအသီးသီးတွင် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိသော ရှမ်းနှစ်သစ်ကူးပွဲတော် အခမ်းအနားကို ယနေ့နံနက် ၇ နာရီခန့်က ဘားအံမြို့နယ်၊ မိန်းမလှကျွန်းကျေးရွာ အခြေခံပညာကျောင်းဝင်းအတွင်း၌ ကျင်းပသည်။
လပွတ္တာမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားကို မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ယနေ့ နံနက် (၈) နာရီတွင် လပွတ္တလုပ်မြောက်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမြင့်ကျော် လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင်  မက္ကဒေးမီးယား စိုက်ပျိုးခြင်းဆိုင်ရာ ( TOT )  သင်တန်းဖွင့်လှစ်သင်ကြား
Nov 23,2022
မဲခေါင် - လန်ချန်းအထူးရန်ပုံငွေဖြင့်  မက္ကဒေးမီးယား စိုက်ပျိုးခြင်းဆိုင်ရာ ( TOT )  သင်တန်းကို နိုဝင်ဘာ ၂၁ ရက် ၊ နံနက် ( ၉:၀၀ ) နာရီက  ပြင်ဦးလွင်မြို့ ၊ ရပ်ကွက်ကြီး  (၁၈ ) ရှိ   မြန်မာ - ခါနန် တောင်သူလယ်သမားနည်းပညာ ဖွံ့ဖြိုးမှုလေ့ကျင့်ရေးသင်တန်းကျောင်းခန်းမ​ဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။