မက်မန်း နိုဝင်ဘာ ၂၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြည်သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရေး၊ စာအုပ်စာပေများမှတစ်ဆင့် အသိပညာဗဟုသုတတိုးပွားလာရေးတို့ကို ရည်ရွယ်၍ စာရေးဆရာ လှတိုး (စိတ်ပညာ) ၏ “မရှိမကောင်း ရှိမကောင်းသည့်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာ၌ “ယနေ့ ဆရာတက်တိုး၏ “မရှိမကောင်း ရှိမကောင်းသည့် ကြောက်စိတ်” စာအုပ်ဖြင့် စာအုပ်ဖတ်ဝိုင်း ဆောင်ရွက်ခြင်းမှာ စာအုပ်ပါအကြောင်းအရာများကို လူငယ်များဖတ်ရှု၍ အတွေးအခေါ်ကောင်းများရရှိရန် ရည်ရွယ်ပါကြောင်း၊ နည်းပညာများ တိုးတက်လာသည့်ခေတ်တွင် စာဖတ်သည့်အလေ့အထများ အားနည်းလာပါကြောင်း၊ စာပေများမှတစ်ဆင့် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်များ နိုးကြားစေရန် ရည်ရွယ် ပါကြောင်း” ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင် မနာဘိုက ဦးဆောင်၍ ကျန်းမာစေဖို့ ခန္ဓာကိုယ်အလေးချိန် လျော့ခြင်းဆောင်းပါးအား လည်းကောင်း၊ မနာခူက ချောမောလှပအောင် စားသောက်နည်း ဆောင်းပါးအား လည်းကောင်း၊ မနာရှီးဘိုက လှချင်ရင်လမ်းလျောက် ဆောင်းပါးအား လည်းကောင်း၊ မောင်ကျလားက ရန်သူကို အောင်နိုင်ခဲ့ခြင်း (သို့မဟုတ်) ရန်အောင်နှင့် ဆေးလိပ်ဆောင်းပါးအား လည်းကောင်း၊ မနန်းခမ်းလူက ကြက်သွန်ဖြူ၏စွမ်းအား ဆောင်းပါးအား လည်းကောင်း အသီးသီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။ ထို့ပြင် တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများက ဝိုင်းဝန်းပူးပေါင်းဆွေးနွေးခဲ့ကြပြီး စာပေ ဝါသနာရှင် စုစုပေါင်း (၃၀)ဦး တက်ရောက်ခဲ့ကြပြီး စိတ်ပါဝင်စားစွာဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။
စောဥမ္မာ၊ ခရိုင်၊ ပြန်/ဆက်