သတင်းများ

ဟင်္သာတမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ၊ စာစီစာကုံးပြိုင်ပွဲနှင့် ကျပန်း စကားပြော ပြိုင်ပွဲဆုချီးမြှင့်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်၌ မြို့နယ်စာရေးဆရာ အသင်းမှ ကျင်းပသော စာဆိုတော်နေ့ အခမ်းအနားကို ယမန်နေ့ နေ့လည် ၁၁ နာရီက ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် ရှမ်းနှစ်သစ်ကူးဆွမ်းကပ်၊ တရားနာမင်္ဂလာပွဲနှင့် ကောက်သစ်စားပွဲ အခမ်းအနားပြုလုပ်
Nov 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ ရွှေသမင်ဘုန်းကြီးကျောင်း၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ရှမ်းနှစ်သစ်ကူးဆွမ်းကပ်၊ တရားနာမင်္ဂလာပွဲနှင့် ကောက်သစ်စားပွဲ အခမ်းအနားကို ပြုလုပ်ခဲ့သည်။
ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်လိပ်မျိုးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ ပင်လယ်လိပ်မျိုးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသခံပြည်သူများ၏ လူမှု စီးပွားဘဝများ တိုးတက်ကောင်းမွန် လာစေရေးအတွက် ဌာနဆိုင်ရာ အကြီးအကဲများ စုပေါင်းအသိပညာပေး ဟောပြောပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့ နံနက်(၉)နာရီအချိန်က ခမောက်မော်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကြံခင်းမြို့တွင် ယာဉ်အန္တရာယ်မှကင်းဝေးစေရေး အနှေးယာဉ်များ ရောင်ပြန်စတစ်ကာတပ်ဆင်ရန် အသိပညာပေးဆောင်ရွက်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်၊ တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့၏ ထပ်ဆင့်ညွှန်ကြားချက်အရ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး ယနေ့နံနက်(၈)နာရီ အချိန်က ကြံခင်းမြို့နယ်အတွင်းရှိ ဆိုက္ကားဂိတ်များရှိ အနှေးယာဉ်များအား ရောင်ပြန် စတစ်ကာတပ်ဆင်ရန် အသိပညာပေးကြကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာတွင် Cash For Work  စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအား ဂျင်းခင်းခြင်းလုပ်ငန်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများရာနှုန်းပြည့်ပြီးစီး
Nov 24,2022
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာလေးရွာတွင် ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်   Cash For Work  စီမံကိန်းဖြင့် ဆောင်ရွက်သော ကျေးရွာတွင်းလမ်းအား ဂျင်းခင်းလုပ်ငန်းနှင့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းများ  ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း  ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။
စားသုံးဆီဈေးနှုန်းချိုသာစွာဖြင့် စားသုံးသူများလက်ဝယ်အရောက်ရောင်းချပေး
Nov 24,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် စားသုံးသူရေးရာဦးစီးဌာနမှ ဆီကုန်သည်အသင်းဝင်များဖြင့် ပူးပေါင်း၍ ဇေယျာသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သွားရောက်၍ ယနေ့နံနက်ပိုင်းမှစတင်ကာ ဈေးနှုန်းသက်သာစွာ ဖြင့် ရောင်းချပေးလျက်ရှိသည်။
အင်္ဂပူမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၀ -၂၀၂၁ / ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား ပြုလုပ်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ် သမဝါယမအသင်းစုလိမိတက်၏ ၂၀၂၀-၂၀၂၁/ ၂၀၂၁-၂၀၂၂၂ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးနှင့် ဒါရိုက်တာရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က အင်္ဂပူမြို့နယ် သမဝါယမဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
မူဆယ်မြို့တွင် အများပြည်သူသုံးစွဲရန် မသင့်လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန် ပစ္စည်းများအား မီးရှို့ဖျက်ဆီး
Nov 24,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် အများပြည်သူများ သုံးစွဲရန်မသင့် လျော်သည့် တရုတ်နိုင်ငံထုတ်စားသောက်ကုန်ပစ္စည်း များအား မီးရှို့ဖျက်ဆီးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မူဆယ်မြို့အကောက်ခွန်ဦးစီးဌာနရုံးဝင်းအတွင်းရှိ ဖျက်ဆီး‌ရေးကွင်း၌ မီးရှို့ဖျက်ဆီး ခဲ့သည်။