လွိုင်လင် နိုဝင်ဘာ ၂၃
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန ၊ နည်းပညာ တက္ကသိုလ်(ပင်လုံ)၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ၊ ပထမနှစ်ကျောင်းသား/သူများအား မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကိုယနေ့နံနက်(၁၀)နာရီက တက္ကသိုလ် အစည်းအဝေးခန်းမတွင်ကျင်းပသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် နည်းပညာတက္ကသိုလ်(ပင်လုံ) ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းမြင့်က ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပထမနှစ်ကျောင်း/သူများကို လှိုက်လှဲ နွေးထွေးစွာကြိုဆိုပါကြောင်း ၊ မိမိတက်ရောက်နေသည့် ကျောင်း၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းပြီး ကျောင်း၏သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို တိတိကျကျလိုက်နာကြရန် ၊ ကျောင်းတွင်းအဆောင်နေကျောင်းသား/သူများမှ လိုအပ်ချက် ၊ အခက်အခဲများကို သက်ဆိုင်ရာဌာနမှူးများ ၊ ဆရာ/ဆရာမများကို အချိန်နှင့်တစ်ေပြးညီ တင်ပြကြပြီး အကူအညီများ တောင်းခံနိုင်ပါကြောင်းပြောကြားသည်။ ဆက်လက်၍ တက္ကသိုလ်မှ ကထိကများ ၊ ဌာနမှူးများ ၊ ဆရာ/ဆရာမများက တစ်ဦးချင်းမိတ်ဆက်ကြသည်။ ယင်းနောက် ပထမနှစ် တက်ရောက်ကြမည့် ကျောင်းသား/သူများက တစ်ဦးချင်းအပြန်အလှန်မိတ်ဆက်ကြကာ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ရုတ်သိမ်းပြီးနောက် ကျောင်းသား/သူများမှ စာသင်ခန်း ၊ ကွန်ပျူတာခန်း ၊တက္ကသိုလ်စာကြည့်တိုက် ၊ လက်တွေ့ဆောင်ရွက်ရမည့် အခန်းများကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်