ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ပြိုင်ပွဲများ ကျင်းပ
Nov 23,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်ဘာသာ စကားပြောနှင့် ဝေါဟာရ ကြွယ်ဝစေရေး၊ ကိုယ်ပိုင်ဉာဏ်ဖြင့် စဉ်းစားတွေးခေါ်တတ်မှု၊ တီထွင်ကြံဆတတ်မှု၊ ထိုးထွင်းသိမြင်နိုင်မှု၊ ပြသနာဖြေရှင်းခြင်း နည်းလမ်းများ ရှာဖွေတတ်စေရန် ရည်ရွယ်၍ မူလတန်းအဆင့် (GRADR-5) မှ (GRADR-၉) အတန်းများတွင် သင်ကြားလျက်ရှိသော အင်္ဂလိပ်စာဘာသာရပ်နှင့် သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။