လဲချားတွင် ရှမ်းနှစ်(၂၁၁၇)နှစ်အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ဆုပေးပွဲ အခမ်းအနားကျင်းပ

လဲချား နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် ရှမ်းနှစ် (၂၁၁၇)နှစ် အထိမ်းအမှတ် ပိုက်ကျော်ခြင်း၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက် အားကစားပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၃) နာရီအချိန်က မြို့နယ်အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါ သည်။

ရှေးဦးစွာ အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးထိန်လင်းနှင့် အားကစားနှင့်ကာယပညာဆပ်ကော်မတီများ၊ ဌာနဆိုင်ရာအကြီးအကဲများမှ ရှမ်းနှစ်(၂၁၁၇)နှစ် အထိမ်းအမှတ် အားကစားပြိုင်ပွဲတွင် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းများအား တံခွန်စိုက်ဒိုင်းဆုနှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)