သတင်းများ

သရက်မြို့၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားရေး မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှု(MIL)သင်တန်း ဖွင့်လှစ် ပို့ချ
Nov 23,2022
မကွေးတိုင်းဒေသကြီး သရက်မြို့ရှိ ခရိုင်ပြည်သူ့စာကြည့်တိုက် (Community Centre) ခန်းမ၌ ဝန်ထမ်းများ စွမ်းဆောင်ရည်မြင့်မားစေရေးအတွက် သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ သတင်းရေးသားမှု ဆောင်ရွက်နေသည့် မြို့နယ်ဦးစီးမှူးများ၊ ဓာတ်ပုံကျွမ်းကျင်-၂ ဝန်ထမ်းများနှင့် စာရေးဝန်ထမ်းများအား မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (MIL) သင်တန်းကို နိုဝင်ဘာ ၂၁ ရက်က ဖွင့်လှစ် ပို့ချခဲ့သည်။
ကျောက်ဖြူမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသူများအား ဆက်လက်ထိုးနှံ
Nov 23,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မျှ မထိုးနှံရသေးသည့် ပြည်သူများနှင့် ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံရန်ကျန်ရှိနေသူများကို  ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ခရိုင်ပြည်သူ့ ဆေးရုံကြီးတွင် အဆိုပါကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
ဒေးဒရဲမြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကျင်းပ
Nov 23,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ဒေးဒရဲမြို့ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၁၀ နာရီတွင် စတင်ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရသည်။
ဒက္ခိဏသီရိမြို့နယ်တွင် တတိယအကြိမ်  အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Nov 23,2022
နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲမင်္ဂလာအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ရွှေလက်လှစေတီတော် ဇမ္ဗူရာဇ်သိင်္ဂီဗိမာန်တော်၌ ကျင်းပရာ ဒက္ခိဏသီရိမြို့နယ်၊ သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ  ညောင်ကုန်းကျောင်းတိုက် ပဓနနာယကဆရာတော် ဘဒ္ဒန္တပဏ္ဍိတ အရှင်သူမြတ် အမှူးပြုသည့် ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
ပညာသင်သာမဏေများအား စာဖတ်ဝိုင်းပြုလုပ်
Nov 23,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လွိုင်လင်ခရိုင်ရုံးမှ ဝန်ထမ်းများက လွိုင်လင်မြို့ရတနာစည်၊ကျောင်းပြင်ပ ပညာရေးကျောင်းတွင် နယ်လှည့်စာကြည်တိုက် ဝန်ဆောင်မှုဖြင့် ယမန်နေ့မွန်းလွဲ ၁ နာရီ အချိန်က စာဖတ်ဝိုင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် မြို့နယ်အားကစားနှင့်ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
Nov 23,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ပိုက်ကျော်ခြင်း အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက်မြို့နယ်အားကစားနှင့် ကာယပညာ‌ကော်မတီဥက္ကဋ္ဌဖလား ကျောင်းပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်း ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို နိုဝင်ဘာ (၂၃)နံနက်ပိုင်းက ခရိုင်အားကစားခန်းမတွင် ကျင်းပခဲ့သည်။
နောင်ချိုမြို့နယ်တွင် Mobile Library ကွင်းဆင်း၍ စာအုပ်စာစောင်ငှားရမ်းခြင်းများ ဆောင်ရွက်
Nov 23,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများသည် ဌာနအသီးသီးရှိ  စာအုပ်၊ စာစောင်များ အလွယ်တကူငှားရမ်း ဖတ်ရှုနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် ရည်ရွယ်၍ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်ပိုင်း က Mobile Library ကွင်းဆင်း ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နမ့်ဆန်မြို့ တွင် စာပေချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ
Nov 23,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၁)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။