တောင်တွင်းကြီး နိုဝင်ဘာ ၂၃
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မိုးစပါးစံကွက်ရိတ်သိမ်းပွဲကို ယနေ့နံနက် ၈ နာရီခွဲက ဝက္ကသေးကျေးရွာ ကွင်းအမှတ်(၂၆၀၀) ဦးပိုင်အမှတ်(၃၃၉) မြေကွက်အမှတ် (၁၈၆၆)ရှိ တောင်သူဦးအောင်ဇော်ဝင်း၏ လယ်မြေ(၁)ဧကတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရ သည်။
တောင်တွင်းကြီးမြို့နယ် အတွင်း မိုးစပါးအထွက်နှုန်း မှန်ကန်စေရေးအတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနတို့ ပူးပေါင်း ၍ မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ ဧရာမင်းစပါးမျိုး စပါးအစိုအထွက်နှုန်း တစ်ဧကလျှင် (၁၁၇) တင်း ထွက်ရှိကြောင်း သိရသည်။
မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်ခင်မျိုးအေးနှင့်ဝန်ထမ်းများ၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးခင်မောင်လှိုင်နှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရေအသုံးချသူများအဖွဲ့မှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)