ဘူးသီးတောင် နိုဝင်ဘာ ၂၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့ညနေ(၃)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျောင်းသား/သူများ မီးဘေးကြိုတင်ကာကွယ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်သန်းဝင်းက မီးဘေးန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ပြီး မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသား/သူများအား မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုတတ် စေရေး သရုပ်ပြလေ့ကျင့်ပေးခြင်း၊ မီးသတ်ယာဉ်/ စက်အသုံးပြု၍ သရုပ်ပြလေ့ကျင့်ပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်နည်းများအား သရုပ်ပြလေ့ကျင်းပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်(ပြန်/ဆက်)