သာပေါင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးတိုးတတ်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကျင်းပ

သာပေါင်း နိုဝင်ဘာ ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ အပတ်စဉ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။
ဒေသဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးမင်းဧရာထိုက်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအောင်ကျော်သိန်း၊ အဖွဲ့ဝင် (၂) ဦးကျော်တိုး၊ အဖွဲ့ဝင် (၃) မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးမြင့်မြတ်‌ဇော်တို့မှ ဌာနဆိုင်ရာများ အပတ်စဥ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး လုံခြုံရေးအမြဲမပြတ် ဆောင်ရွက်ရန်၊ စစ်ကြောင်းကြီး (၅) ကြောင်း၊ မြေပြင်လူဦးရေ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၁၆) ဖွဲ့စည်းထားရာ သတ်မှတ်အချိန်ဇယားအတိုင်း ဆောင်ရွက်ရန်၊ ထူးခြားဖြစ်စဥ်တင်ပြရန်၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်ရန်၊ လုံခြုံရေးနှင့် သတင်းညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်ဆောင်ရွက်ပြီးစီးမှု တင်ပြရန်၊ ဌာနဆိုင်ရာ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန်၊ နွေစပါး၊ ပဲတီစိမ်း စိုက်ပျိုးပြီးစီးမှု တင်ပြရာတွင် ကိန်းဂဏန်းမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ Contract Farming ဆောင်ရွက်မည့် ဧက၊ တောင်သူစာရင်းတင်ပြနိုင်ရေး ဆောင်ရွက်ရန်၊ နေကြာစိုက်ပျိုးပြီးစီးမှု တင်ပြရာတွင် မှန်ကန်မှုရှိရေး၊ မျိုးနေကြာထပ်မံရရှိရေး မြေပြင်ကွင်းဆင်းစည်းရုံးပြောကြားဆောင်ရွက်ရန်၊ ထင်းမီးသွေးအစားထိုး စပါးခွံသုံး လောင်စာတောင့် ထုတ်လုပ်သုံးစွဲမည့် စီမံချက်တင်ပြရန်၊ နေ့စဥ်ထင်းမီးသွေးသုံးစွဲမှုနှင့်  တောပြုန်းတီးမှု တွက်ချက်တင်ပြရန်တို့ကို မှာကြားဆွေးနွေးပြီး ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးတင်ပြချက်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း ပြန်/ဆက်