သတင်းများ

မိုင်းခုတ်မြို့၌ အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကျင်းပ
Nov 24,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ မြို့မတပ်ဦးကျောင်း၌ တည်ထားလျက်ရှိသော အောင်သိဒ္ဓိစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအထိမ်းအမှတ် အမျိုးသား(အလွတ်တန်း)ပိုက်ကျော်ခြင်းပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီက မြို့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ၄၇၆၇၇ ဧက စိုက်ပျိုးပြီးစီး
Nov 24,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်သည် စိုက်ပျိုးရေးကို အဓိက လုပ်ကိုင်ကြပြီး သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆောင်းသီးနှံ ၄၇၆၇၇ ဧက စိုက်ပျိုးပြီးစီးကြောင်း ကျွန်းလှမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သဲကုန်းမြို့၌ စာဆိုတော်နေ့အထိမ်းအမှတ် စာပေစကားဝိုင်း ကျင်းပ
Nov 24,2022
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် စာရေးဆရာအသင်းမှ စာဆိုတော်နေ့ အထိမ်းအမှတ် စာပေစကားဝိုင်းကျင်းပကို ယမန်နေ့က အောင်ဆန်းစာကြည့်တိုက် ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပဉ္စမအကြိမ်မြောက် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီး၏ (၅)နှစ်ပြည့်အထိမ်းအမှတ် မဟာပဌာန်းပူဇော်ပွဲနှင့်(၇)ရက်(၇)ညတာ ဓမ္မသဘင်ပူဇော်ပွဲကျင်းပ
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကညင်ချောင်း ဓမ္မဗိမာန်ကျောင်းတိုက်၊ ဝိဇယဓမ္မာရုံ၌ သာသနာနှစ်-၂၅၆၆၊ ကောဇာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်၊ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပဉ္စမအကြိမ်မြောက် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇဘဒ္ဒန္တဝိဇယ ဆရာတော်ဘုရားကြီးအထိမ်းအမှတ် မဟာပဌာန်းပူဇော်ပွဲနှင့် (၇)ရက်(၇)ညတာ ဓမ္မသဘင်ပူဇော်ပွဲအခမ်းအနား စတင်ဖွင့်လှစ်ကျင်းပကြသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနား မုံရွာမြို့၌ ကျင်းပ
Nov 24,2022
မုံရွာ၊ နိုဝင်ဘာ၂၃ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ညွန်ကြားရေး မှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာများ၊ တိုင်းဒေသကြီးအတွင်း ခရိုင်များမှ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။
သာပေါင်းမြို့နယ်တွင် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ စစ်ဆေးခြင်းများဆောင်ရွက်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၌ အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့မှ ယမန်နေ့နံနက် ၁၀ နာရီအချိန်က စစ်ဆေးခြင်းများဆောင်ရွက်ကြသည်။
ကျိုင်းတုံမြို့၌ ရှမ်းတိုင်းရင်းသားများ ရှမ်းနှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနား ကျင်းပ
Nov 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံမြို့၌ ရှမ်းနှစ် ၂၁၁၇ ခရစ်ခုနှစ်၊ ရှမ်းတိုင်းရင်းသားများ နှစ်သစ်ကူး ကောက်သစ်လှူဒါန်းဆွမ်းကပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲက ကောင်းမှုခမ်းကျောင်းတိုက်တွင် ကျင်းပသည်။
မိုင်းဆတ်မြို့၌ ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအနေအနေအားကွင်းဆင်းစစ်ဆေး
Nov 24,2022
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂ ခုနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၁၁ ဒဿမ ၇၄၀)သန်းဖြင့် ဒေသခံတောင်သူများ နွေရာသီတွင်စိုက်ပျိုးရေရရှိကာ ရာသီသီးနှံများ တစ်ပိုင်တစ်နိုင်စိုက်ပျိုးနိုင်ပြီး အပိုဝင်ငွေများရရှိနိုင်စေရန်အတွက် ဆိုလာစနစ်ဖြင့် ချောင်းရေတင်စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေတင်နေမှုအခြေအနေအား ယမန်နေ့မွန်းလွဲ (၃)နာရီက ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။