သတင်းများ

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်  ရေဆင်း-၁ စပ်မျိုးနေကြာ သီးသန့်စိုက်ပျိုးခြင်းနှင့် ပြည်သူအခြေပြုရေသန့်စင်စနစ်နှင့် အိမ်သွယ်ရေတိုင်စနစ်ပါဝင်သော ကျေးရွာရေရရှိရေးစီမံကိန်း မိတ်ဆက်ရှင်းလင်းပွဲ အခမ်းအနားသို့တက်ရောက်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောင်းကုန်းမြို့နယ်၊ သဲကုန်ကျေးရွာ၊ တောင်သူ ဦးမင်းစိန်၏ လယ်မြေ ၁၂ ဧကတွင် ရေဆင်း၁ စပ်မျိုးနေကြာ သီးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှုအား ပေးခဲ့ကာ ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပြီး နွေစပါး၊ ပဲအမျိုးမျိုး၊ နေကြာ စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ စိုက်ပျိုးရေရရှိမှုအခြေအနေများ၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) ထည့်သွင်းစိုက်ပျိုးမှုအခြေအနေများနှင့် ဓါတ်မြေသြဇာသုံးစွဲမှုအခြေအနေ များအား မေးမြန်းခဲ့ပြီးနောက် ဒေသခံတောင်သူများ၏ လိုအပ်ချက်များတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ရေဦးမြိုနယ်တွင် တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ရောင်းချခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်‌‌ ဝေပေး
Nov 24,2022
စစ်ကိုင်းတိုင်းဒေသကြီး ရေဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် ဒေသခံပြည်သူများ စားဝတ်​နေ​ရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ယမန်နံနက် ၉ နာရီက လူစည်ကားရာ နေရာနှင့် အခြေခံလူတန်းစားများ နေထိုင်သည့် ရပ်ကွက်အချို့ နေရာများသို့ ရွေ့လျားမော်တော်ယာဉ်ဖြင့် လှည့်လည်၍ တန်ဖိုးသင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုးန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငွေဆောင်မြို့၊Ngwe Saung Yacht Club Resort ၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုဆောင်ရွက်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ငွေဆောင်မြို့၊ NgweSaung Yacht Club Resortတွင် ပူပြင်းသောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် များမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ငွေဆောင်မြို့၊ မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီး ဦးကောင်းပြည့်စုံနှင့် ဟိုတယ်ဝန် ထမ်းများက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအသိပညာပေးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအားယမန်နေ့နေ့လည်၂ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ကွင်းဆင်းထုတ်ချေး
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်းစားသုံးဆီဖူလုံပိုလျှံစေရန်နှင့် ကျေးလက်နေပြည်သူများ သီးနှံဝင်ငွေတိုးပွားစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ပေါက်ကုန်းရွာသစ်ကျေးရွာရှိ ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ဒေသခံတောင်သူများကို မြစိမ်းရောင်စီမံကိန်း(ဆီထွက်သီးနှံ)ရန်ပုံငွေ ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ရှမ်းနှစ်သစ်ကူး အထိမ်းအမှတ် အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ကျင်းပပြုလုပ်
Nov 24,2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော ရှမ်းနှစ်သစ်ကူးနေ့ အထိမ်းအမှတ် မြို့နယ်အားကစားကော်မတီ ဥက္ကဋ္ဌဖလား အလွတ်တန်း အမျိုးသားပိုက်ကျော်ခြင်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွှဲ ၃ နာရီက နဂါးနှစ်ကောင် (ကျောင်းလုံ) ဘုန်းတော်ကြီးကျောင်းဝင်း အတွင်း ကျင်းပခဲ့ကြောင်း သိရှိရသည်။
ငါးသိုင်းချောင်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Nov 24,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ စာရေးဆရာ ညိုမင်းဇံသာရေးသားခဲ့သော ငဇင်္ကါသီတာနှင့် မြသိန်းတန်ရာဇဝင်စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
မြို့သစ်မြို့မှ ကွန်ကရစ်ပစ္စည်းပြုလုပ်ရောင်းချသူ ကုန်ကြမ်းစျေးတက်သော်လည်း သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချ
Nov 24,2022
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် ကွန်ကရစ်ပစ္စည်းများကို ပြုလုပ်ကာပြည်သူများ အလွယ်တကူအသုံးပြုနိုင်ရန်အတွက် ပုံမှန်ထုတ်လုပ်၍ သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနား မုံရွာမြို့၌ ကျင်းပ
Nov 24,2022
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဖူဆယ်ဒိုင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မုံရွာမြို့ ပြည်သူ့အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန  ညွန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြဆရာများ၊ တိုင်းဒေသကြီးအတွင်း ခရိုင်များမှ ဝန်ထမ်းများနှင့် စိတ်ပါဝင်စားသူ ပြည်သူများ တက်ရောက်ခဲ့ကြသည်။