ပန်းတောင်းမြို့နယ်တွင် လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကျင်းပ

ပန်းတောင်း နိုဝင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု၊ တိုင်းဒေသကြီးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေများဖြင့် ဆောင်ရွက်ပေးခဲ့သည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများနှင့် ကျေးလက်ကုန်ထုတ်လမ်းတံတားလုပ်ငန်းများ၏ လုပ်ငန်းလွှဲပြောင်းပေးအပ်ပွဲနှင့် O&M သင်တန်းပို့ချခြင်းအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)အချိန်၌ ပန်းတောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းတွင် ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရမှ တက်ရောက်အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဦးထွန်းသန်းဇော်မှ  တည်ဆောက်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်ကျေးရွာစီမံကိန်းကော်မတီဝင်များထံ လုပ်ငန်းများအသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တာဝန်ခံအင်ဂျင်နီယာများက ကျေးရွာစီမံကိန်းကော်မတီဝင်များအား လုပ်ငန်းလည်ပတ်ထိန်းသိမ်းရေး(O&M)သင်တန်းကို ပေးအပ်ခဲ့ကြပြီး လုပ်ငန်းများနှင့်ပတ်သက်၍ လည်ပတ်ထိန်းသိမ်းမည့် အစီအစဉ်များကို အပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်းသင်းအေး (ပြန်/ဆက်)