မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ကျင်းပ

ပုဗ္ဗသီရိ နိုဝင်ဘာ ၂၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show ကို ယနေ့မွန်းလွဲပိုင်းက  ကျင်းပခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုဗ္ဗသီရိမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းသိန်းတို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မှန်ကန်သည့် မဲစာရင်းများပြုစုနိုင်ရန် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များအကြောင်း၊  မဲပေးပိုင်ခွင့် ဆုံးရှုံးနိုင်သည့် အခြေအနေများအကြောင်း၊ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သည့် ပြည်သူများအနေဖြင့် လက်ရှိနေထိုင်သည့်ဒေသတွင် မှတ်ပုံတင်ရှိပြီး ပုံစံ ၆၆/၆ မရှိသည့်အတွက် မဲပေးပိုင်ခွင့်ရရှိရေး ဆောင်ရွက်ပေးနေမှုများနှင့် ပြည်သူများအနေဖြင့် မဲပေးပိုင်ခွင့်ရရှိရေး လုပ်ဆောင်ရမည့်အချက်များကို ဆွေးနွေးခဲ့ကြသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် Online မှတစ်ဆင့်အသိပညာပေး Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့ဆွေးနွေးခဲ့သည့် မဲပေးပိုင်ခွင့်ရရှိရေး ပြည်သူများပူးပေါင်းပါဝင်ရေး အသိပညာပေး Talk Show အပြည့်အစုံကို We LoVePobbathiri  Facebook page တွင် တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သားငယ် (ပုဗ္ဗသီရိ )