ပိုင်ကျုံ နိုဝင်ဘာ ၂၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အငယ်တန်းစာရေးဒေါ်အိသံချိုက Talk Show ဆွေးနွေးပွဲကျင်းပြပုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့ဦးစီးမှူးဒေါ်နော်ခူးခူးက အရွယ်မတိုင်မီ ကလေးငယ်များ လုပ်ငန်းခွင်သို့ရောက်ရှိလာရသည့် အဓိကအကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးအတွက် ကြိုတင်ကာကွယ်တားဆီးရမည့်အချက်များ၊ ကလေးငယ်များနှင့်ပတ်သက်ပြီး ရသင့်ရထိုက်တဲ့အခွင့်အရေး စသည့်အသိပညာပေးအကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ပိုင်ကျုံမြို့ လူထုအခြေပြုဗဟဟိုဌာနတွင် အသိပညာဗဟုသုတရရှိစေမည့်အကြောင်းအရာများကို ပြည်သူများသိရှိစေရန်ရည်ရွယ်၍ ပြည်သူများသိသင့်သိထိုက်သည့် အကြောင်းအရာများကို အသိပညာပေး (Talk Show) ဆွေးနွေးပွဲအဖြစ် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နော်ခူးခူး