ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်
Nov 28,2022
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ် လူငယ်များ ၊အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်၊ လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွွင် ကျင်းပပြုလုပ်ခဲ့သည်။