တစ်ခါတစ်ခေါက်တော့ လာရောက် လည်ပတ်စေချင် ထားဝယ်မြို့က မောင်းမကန် ကမ်းခြေဆီ
Nov 27,2022
လူတိုင်းလူတိုင်းသည် နေ့စဉ်နှင့်အမျှ ရုန်းကန်လှုပ်ရှားသွားလာနေရသောနိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဘဝအတွက်နှင့် မိမိဘဝအတွက် ရုန်းကန် လှုပ်ရှားနေရသဖြင့် စိတ်ရော၊ ခန္ဓာကိုယ်ပါ ပင်ပန်းနွမ်း နယ်နေကြရသည်။ ယင်းသို့ ပင်ပန်းလျက်နှင့်ပင် မိသားစုစားဝတ်နေရေးအတွက် စိတ်အားတင်းကာမဖြစ်မနေ ရုန်းကန်နေကြရပြန်သည်။ လူအများစုသည် စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဖြင့်သာ အချိန်ကုန်နေကြရင်း အနားယူအပန်းဖြေရမှန်းပင် သတိမထားမိဘဲ မျက်ကွယ်ပြုနေကြရသည်။ ဘဝပျော်ရွှင်ရေးအတွက် လူတိုင်းလူတိုင်းသည် အား လပ်ချိန်အနည်းငယ်ပေးပြီး အပန်းဖြေခရီးသွားရင်းဖြင့် စိတ်ရောကိုယ်ပါ အပန်းဖြေ အနားယူသင့်သည်။