မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ ကျင်းပ

မောက်မယ် နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂−၂၀၂၃ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်) နှင်းဆီဆောင်ခန်းမတွင် စတင်ဖြေဆိုကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်သန်းသန်းနွယ်က လူရည်ချွန် ကျောင်းသား/ကျောင်းသူများ ရွေးချယ်ရေးအတွက် ချမှတ်ထားသော စစ်ဆေးအကဲဖြတ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ၊ ရွေးချယ်ရေးဆိုင်ရာ လုပ်ငန်းလမ်းညွှန်တို့နှင့်အညီ တာဝန်ရှိသူ ကော်မတီအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်ပေးပြီး အဆိုပါလူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို မြန်မာစာ၊ အင်္ဂလိပ်စာ ၊အထွေထွေဗဟုသုတ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့်ယုံကြည်မှုစစ်ဆေးခြင်းနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်းတို့ကို နိုဝင်ဘာလ(၃၀)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူရည်ချွန်ရွေးချယ်ရေးစာမေးပွဲ(မြို့နယ်အဆင့်)ကို အဋ္ဌမတန်း ကျောင်းသား/ကျောင်းသူ (၈)ဦး၊ ဒဿမတန်း ကျောင်းသား/ကျောင်းသူ(၄)ဦးနှင့် ဧကာဒဿမတန်း ကျောင်းသား/ကျောင်းသူ(၄)ဦး၊ စုစုပေါင်း(၁၆)ဦး ပါဝင်ယှဉ်ပြိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)