ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းများ ဆောင်ရွက်  

မောင်တော  နိုဝင်ဘာ  ၂၈

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကျောင်းသား၊ ကျောင်းသူများအား အနာဂတ်မျိုးဆက်သစ် လူငယ်များ ၊အသိပညာ ဗဟုသုတ မြင့်မားတိုးတက်စေရန်၊ လူငယ်၊ လူရွယ်များ အာရုံစူးစိုက်လေ့လာမှုနှင့် ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်လာစေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီအချိန် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွွင် ကျင်းပပြုလုပ်ခဲ့သည်။

မောင်တောမြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာ အဋ္ဌမတန်း၊ ဒသမတန်းနှင့် ဧကာ ဒသမတန်း မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စစ်ဆေးခြင်းကို ကျင်းပပြုလုပ်ရာ ယနေ့ နံနက်ပိုင်းတွင် မြန်မာစာ ဘာသာရပ်အား ဖြေဆိုကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ  အဋ္ဌမတန်း အဆင့် ဖြေဆိုသူ ၈ ဦး ၊ ဒသမတန်းအဆင့် ဖြေဆိုသူ ၁၃ ဦး  နှင့် ဧကာဒသမတန်းအဆင့် ဖြေဆိုသူ ၁၅ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး နေ့လယ်ပိုင်းတွင် အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ  မြို့နယ်အဆင့် လူရည်ချွန် ရွေးချယ်ရေး စစ်ဆေးခြင်းကို နိုဝင်ဘာ  ၂၉ ရက်နေ့တွင်  အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေ စစ်ဆေးခြင်း ၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှုစစ်ဆေးခြင်းများကို ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ပြီး အောင်မြင်သူများအနေဖြင့် ခရိုင်အဆင့်သို့ ဆက်လက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်လွင်စိုး၊ အောင်ကျော်စိန်