သတင်းများ

ဒိုက်ဦးမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ
Nov 28,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၂အခြေခံပညာအထက်တန်းကျောင်း၏ အာစရိယပူဇော်ပွဲအခမ်းအနားကိုယမန်နေ့ နံနက်ပိုင်းက မဟာဝိဇိတာရာမ အလံပြကျောင်းတိုက်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်တွင်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ
Nov 28,2022
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာ ရေးနှစ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအသုံးပြု၍ လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀နာရီက တဘက်ကျေးရွာအုပ်စု၊ နမ့်စေ မြဲကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ်တွင် တစ်နိုင်တစ်ပိုင် ဝါးခြင်းတောင်းရက်လုပ်ခြင်းလုပ်ငန်းဖြင့် မိသားစု စီးပွားရေး အဆင်ပြေလျက်ရှိ
Nov 28,2022
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် မိရိုးဖလာနှီးဝါးလုပ်ငန်း လုပ်ကိုင်ကြသူ များသည် ဝါးထရံ၊ ဝါးဖျာ၊ ဝါးခမောက်၊ ဝါးကုလားထိုင်၊ ဝါးခြင်းတောင်း အမျိုးမျိုးတို့ကို တစ်နိုင်တစ်ပိုင် ရက်လုပ်ရောင်းချခြင်းဖြင့် မိသားစုစီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
နမ့်စန်တွင် လူရည်ချွန် ကျောင်းသားကျောင်းသူရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်
Nov 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် လူရည်ချွန်ကျောင်းသားကျောင်းသူများရွေး ချယ်ရေးအတွက် မြန်မာစာဘာသာရပ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့၌ ကျောင်းသားကျောင်းသူဟောင်းများ စုပေါင်း၍ အသက်(၆၀)နှစ်ပြည့်ပြီး ဆရာကြီး၊ ဆရာမကြီးများအား အာစရိယပူဇော်ပွဲ ကျင်းပ
Nov 28,2022
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ကျောင်းသား၊ကျောင်းသူဟောင်းများ စုပေါင်းပြီး အသက်(၆၀) နှစ်ပြည့်ပြီး ဆရာကြီး၊ ဆရာမကြီးများအား ဂုဏ်ပြုပူဇော်ကန်တော့သည့် အာစရိယပူဇော်ပွဲအခမ်းအနားကို ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စိန်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ သည်။
ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပ
Nov 28,2022
ရှမ်းပြည်နယ်‌(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီခွဲက ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်း‌ကျေးရွာ၊  ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့​သည်။
နတ်မောက်မြို့နယ်တွင် ဆောင်းနှမ်းသီးနှံများစတင်ရိတ်သိမ်း
Nov 28,2022
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်၌ ဆောင်းရာသီတွင် စိုက်ပျိုးထားသည့် ဆီထွက်သီးနှံနှမ်းသီးနှံများ  စတင်ရိတ်သိမ်းလျက်ရှိကြောင်းသိရသည်။
စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများမှ ကွန်ကရစ်လမ်းခင်းခြင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးရာနှုန်းပြည့် ပြီးစီး
Nov 28,2022
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေနီကျောက် စရစ်လမ်းမှ ကွန်က ရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိရာ (၁၀၀) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။