ရှမ်းရွာသစ်မြို့တွင် လူကုန်ကူးမှုဆိုင်ရာအသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ဆောင်ရွက်

ရှမ်းရွာသစ် နိုဝင်ဘာ ၂၈ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ ခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အသိပညာပေးလုပ်ငန်းများ လစဉ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉)နာရီအချိန်က ကျောင်းသား/သူများ လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်၍ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးက လူကုန်ကူးမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ လူကုန်ကူးခံမှုအခြေအနေများ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး အကြောင်းအရာများနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဟောပြောခဲ့ပြီးနောက် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ် စာစောင်များကို ပြသထားရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြောင်း သိရသည်။ ဇင်လေး(ပြန်/ဆက်)