ကျောက်ဆည်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲ ကျင်းပ

ကျောက်ဆည်  နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သုံးထပ်အဆောင်တွင် ယနေ့နံနက်(၉)နာရီက ကျင်းပြုလုပ်ခဲ့ရာ Gread-(9)၊ Grade-(10)၊ Grade-(11) ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာစာဘာသာရပ်အဖြစ် စတင်ဖြေဆိုယှဉ်ပြိုင်ကြရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ Gread-(9) ကျောင်းသား(၁၈)ဦး၊ ကျောင်းသူ(၁၉)ဦး စုစုပေါင်း(၃၇)ဦး၊ Grade-(10) ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ(၁၂)ဦး စုစုပေါင်း(၂၄)ဦးနှင့် Grade-(11)ကျောင်းသား(၁၁)ဦး၊ကျောင်းသူ(၁၁)ဦး စုစုပေါင်း(၂၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

မြို့နယ်အဆင့် လူရည်ချွန်ပြိုင်ပွဲကို နိုဝင်ဘာ(၂၈)ရက်နေ့နံနက်ပိုင်းတွင် မြန်မာဘာသာ၊ နေ့လယ်ပိုင်းတွင် အင်္ဂလိပ်ဘာသာ၊ နိုဝင်ဘာ (၂၉)ရက်နံနက်ပိုင်တွင် သင်္ချာဘာသာနှင့်အထွေထွေဗဟုသုတဘာသာ၊ နေ့လယ်ပိုင်းတွင် လူတွေ့မေးမြန်းစစ်ဆေးခြင်း၊ နိုဝင်ဘာ (၃၀) ရက်နေ့တွင် အားကစား ပြိုင်ပွဲဘာသာများ ဖြေဆိုစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)