မိုးနဲမြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများရွေးချယ်ရေး ရေးဖြေစာမေးပွဲ ကျင်းပ

မိုးနဲ နိုဝင်ဘာ ၂၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ မိုးနဲမြို့နယ်တွင် ထူးချွန်ထက်မြတ်သော လူရည်ချွန်ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခြင်း ရေးဖြေစာမေးပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း မဏိရတနာဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။

လူရည်ချွန်ရွေးချယ်ရေး ရေးဖြေ ဖြေဆိုရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဝင်းမြင့်၊ မြို့နယ်ပညာရေးမှူး ဒေါ်ခင်မိုးဆွေ၊ အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန်းသန်းဌေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ ရွေးချယ်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်း ကျောင်းနှင့် အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း  ၁၂ ဦး၊ ဒသမတန်း ၃ ဦး၊ ဧကာဒဿမတန်း ၄ ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးဝင်ရောက် ဖြေဆိုကြပြီး နိုဝင်ဘာ ၃၀ ရက် နေ့အထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ၊ လူတွေ့ နှုတ်ဖြေ၊ ကိုယ်ကာယကြံ့ခိုင်မှုနှင့် ယုံကြည်မှု စစ်ဆေးခြင်းတို့ကို ဖြေဆိုသွားမည်ဖြစ်‌ပြီး မြို့နယ်အဆင့်တွင် ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူ ၁၉ ဦးအနက်မှ အတန်းလိုက် ကျောင်းသား တစ်ဦး၊ ကျောင်းသူ တစ်ဦး၊ စုစုပေါင်း ၆ ဦးကို ရွေးချယ်၍ ခရိုင်အဆင့်တွင် ဆက်လက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)