မိုင်းငေါ့မြို့ အခြေခံပညာမူလတန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်

မိုင်းငေါ့  နိုဝင်ဘာ ၂၈  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီအချိန်က ကွန်ကောက်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့သွားရောက်၍ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့သည်။        

မှုးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေးအသိပညာပေး နံရံကပ်စာစောင်ပြပွဲတွင် စာကြည့်တိုက်မှူး ဒေါ်မို့မို့က လူငယ်လူရွယ်များ မှုးယစ်ဆေးဝါးနှင့်ပက်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မှုးယစ်ဆေးဝါးများ၏ဆိုးကျိုးအန္တရာယ်များကို သိရှိနိုင်စေရန်နှင့် စာကြည့် တိုက်တွင် ပြည်သူများစာပေများကို လေ့လာဖတ်ရှု၍ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြပွဲတွင်ကျောင်းသား/သူလေးများမှ နံရံကပ်စာစောင်တွင် ပြသထားသော မှုးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာ‌သောဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရရှိလာသေဆိုးကျိုးများ စသည့်အသိ ပညာပေးနံရံကပ်စာစောင်များကိုပြသထားရာ ကျောင်းသား၊ကျောင်းသူ လူငယ်လူရွယ်လေးများမှ  စိတ်ပါဝင်စားစွာ‌ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့ ပြန်/ဆက်)