သတင်းများ

သထုံတွင် ဒေသတွင်း ရာဘာဈေးနှုန်း ကျဆင်းနေသော်လည်း ရောင်းဝယ်မှုများရှိနေ
Nov 28,2022
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးရွာများမှ တစ်နိုင်တစ်ပိုင် ရာဘာစိုက်ပျိုးသူ တောင်သူများသည် ဒေသတွင်း ရာဘာဈေးနှုန်းများ ကျဆင်းနေသော်လည်း မိသားစု စားဝတ်နေရေးအရ ဆက်လက်လုပ်ကိုင် ရောင်းဝယ်နေကြဆဲဖြစ်ကြောင်း သိရသည်။
ထန်းတပင်မြို့နယ် မြို့မဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး မီးငြိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Nov 28,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် မြို့မဈေးရှိဈေးသူ ဈေးသားများ မီးဘေးကြိုတင်ကာကွယ်ရေး အသိသတိရှိကြရန် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက လက်တွေ့လုပ်ဆောင်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်သရုပ်ပြ လေ့ကျင့်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မုဒုံမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Nov 28,2022
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုရှိ လုပ်သားပြည်သူများ အားကစားနှင့်စိတ်ဓာတ်ခွန်အား မြင့်မားလာစေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ(ဖလား) အလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်း အနားကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အားကစားပြိုင်ဝင်းအတွင်းရှိ မီတာ (၄၀၀) ဘောလုံးကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။
ဟိုပုံးမြို့နယ်တွင် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သည့် စစ်ကြောင်း(၅)ကြောင်းမှ ကွင်းဆင်း၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ
Nov 28,2022
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်သည့် စစ်ကြောင်း (၅) ကြောင်းမှ ယမန်နေ့နံနက်ပိုင်းတွင် လုံခုတ်ကျေးရွာအုပ်စု၊ နမ့်ပေါ်ဟွန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့သစ်မြို့နယ်မှ ဝါးထရံပြုလုပ်ရောင်းချသူ ကုန်ကြမ်းစျးမြင့်တက်သော်လည်း သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး
Nov 28,2022
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့မှ စိုက်ပျိုးတောင်သူအချို့သည် လယ်ယာစိုက်ပျိုးခြင်း လုပ်ငန်းအပြင် ဝါးထရံရက်လုပ်ရောင်းချခြင်းလုပ်ငန်းကို တွဲဖတ်လုပ်ကိုင်လျက်ရှိရာ ကုန်ကြမ်းစျေး မြင့်တက်သော်လည်း သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက် ရှိကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေးဆွေးနွေး
Nov 28,2022
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ သာယာဝတီမြို့နယ်တွင် ၂၀၂၂-ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျေးရွာ (၁၀) ရွာ စိစစ်ရွေးချယ်၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျှက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက ဘိုကြီးကုန်းကျေးရွာနှင့် ကျွဲခြံအင်းကျေးရွာများ၌ ကျင်းပခဲ့သည်။
ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Comminity Centre ခန်းမတွင် စာဖတ်ခြင်းကိုလေ့လာခြင်း အသိပညာပေး Talk Show
Nov 28,2022
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူငယ်လူရွယ်များ စာပေဖတ်ရှုမှု ပိုမိုများပြားလာစေရန်နှင့် စာကိုဘယ်လိုဖတ်ရမလဲဆိုတာကို သိရှိနားလည်နိုင်စေရန် ရည်ရွယ်၍ ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Comminity Centre ခန်းမတွင် စာဖတ်ခြင်းကို လေ့လာခြင်း အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၁ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးနဲမြို့နယ်၌ စာအုပ်/စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်းပေးခြင်း ဆောင်ရွက်
Nov 28,2022
ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အစီအစဉ်ဖြင့် စာအုပ်/စာစောင်များ အခမဲ့ ကွင်းဆင်း ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ် တိုင်းရင်းဆေးကုဌာနများသို့ သွားရောက်၍ ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ ကြောင်းသိရသည်။