မိုင်းငေါ့မြို့ ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းတွင် ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတ ရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်း ဖတ်ရှုလေ့လာ

မိုင်းငေါ့ နိုဝင်ဘာ ၂၈      

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတရှာဖွေရန် စိတ်ဝင်စားသည့် ကျောင်းသား/သူများအနေဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက် ကလေးစာဖတ်ခန်းသို့လာရောက်၍ စာအုပ်စာ‌စောင်များ လေ့လာဖတ်ရှုငှားရမ်းကြ‌ကြောင်း သိရသည်။၊

စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ၊ ပုံပြင်များ၊ တေဇ၊ မိုးသောက်ပန်း၊ ရွှေသွေး၊ HappyTime၊ တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပ‌ဟေဠိစာအုပ်များ စသည့် စာအုပ်စာ‌စောင်များအပြင် ကလေးများအကြိုက် ပြိုင်ပွဲအစီအစဉ်များ ပြုလုပ်ပေးကာ အမှတ်တရ ဆုလက်ဆောင်များ ချီးမြှင့်ပေးကြောင်း ကလေးများအတွက် ကလေးစာပေဖတ်ရှုခြင်းအပြင် စာကြည့်တိုက်ကို ဗဟုသုတ ရှာဖွေရာနေရာတစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ Talk Show များ ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုင်းငေါ့မြို့ရုံး ပြည်သူ့စာကြည့်တိုက်အတွင်းရှိ ကလေးစာဖတ်ခန်းကို သီးသန့်ဆောင်ရွက်ထားပြီး ကလေးများအကြိုက ပုံပြင်ပြောပြခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ စကားပုံဆက်ခြင်း၊ စက္ကူအရုပ်‌ခေါက် ပြိုင်ပွဲ၊ စာဖတ်စွမ်းရည် စသည့် ပြိုင်ပွဲများကို လစဉ်ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)