ဒိုက်ဦးမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ အာစရိယပူဇော်ပွဲ အခမ်းအနား ကျင်းပ

ဒိုက်ဦး နိုဝင်ဘာ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ အာစရိယပူဇော်ပွဲအခမ်းအနားကိုယမန်နေ့ နံနက်ပိုင်းက မဟာဝိဇိတာရာမ အလံပြကျောင်းတိုက်ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများကိုယ်စား ဆရာကြီးဦးသန်းကျော်က ဩဝါဒစကားပြောကြားပြီးနောက်ဆရာ/ ဆရာမများအား ကန်တော့ခံပစ္စည်းများ၊ ငွေသားများဖြင့် ကျောင်းသား/ကျောင်းသူများက ကန်တော့ခဲ့ကြပါသည်။

ထို့နောက် ကန်တော့ခံ ဆရာကြီး/ ဆရာမကြီးများကိုယ်စား ဆရာမကြီးဒေါ်ကြင်လွမ်က ဆုတောင်းစကားနှင့် ဆုံးမဩဝါဒစကားများ ပြောကြားပြီးနောက် အကျွေးအမွေးနှင့်ဧည့်ခံကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ယခုနှစ်ပြုလုပ်ကျင်းပသော အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၏ အာစရိယပူဇော်ပွဲ မှာ ၂၁ ကြိမ်မြောက်ဖြစ်ပြီး လုပ်သက် ၃၃ နှစ်ရှိ၊ အသက် ၆၀ ကျော် ဆရာ/ဆရာမ ( ၅၉) ဦးအား ကန်တော့ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)