နမ့်စန်တွင် လူရည်ချွန် ကျောင်းသားကျောင်းသူရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်

နမ့်စန်(နိုဝင်ဘာ  

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ် လူရည်ချွန်ကျောင်းသားကျောင်းသူများရွေး ချယ်ရေးအတွက် မြန်မာစာဘာသာရပ် ဖြေဆိုခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ အထက(နမ့်စန်)စာစစ်ဌာနတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသားကျောင်းသူများ  မြန်မာစာဘာသာရပ် ဖြေဆိုယှဉ်ပြိုင်နေမှုကို မြို့နယ် ပညာရေးမှူး ဦးမြင့်လွင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်လင်းလင်းထိုက်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

လူရည်ချွန်ရွေးချယ်ရေး မြန်မာစာဘာသာရပ်ကို မြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ)၊ အလက(ခွဲ)နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း (၁၂)ကျောင်းရှိ Grade-9 ၊ Grade -10 နှင့် Grade - 11 တို့မှ ကျောင်းသားကျောင်းသူ  စုစုပေါင်း (၅၅)ဦးဝင်ရောက် ဖြေဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်၍ လူရည်ချွန်ရွေးချယ်ရေး အင်္ဂလိပ်စာဘာသာရပ်‌ဖြေဆိုခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် လည်းကောင်း၊ သင်္ချာဘာသာရပ်၊အထွေထွေဗဟုသုတဖြေဆိုခြင်းနှင့် နှုတ်ဖြေစာမေးပွဲတို့ကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင်လည်းကောင်း၊ ကိုယ်ကာယကြံ့ခိုင်မှု စစ်ဆေး ခြင်းကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင်လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။

သူရအောင်(ပြန်/ဆက်)