ကျောက်မဲ နိုဝင်ဘာ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန် နေ့ နံနက် ၉ နာရီခွဲက ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွှန့်ရွှေက တွေ့ဆုံပွဲအခမ်းအနားပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ပတ် သက်၍ ဆွေးနွေးသည်။ထို့နောက် မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်များ၊ ကျောက်မဲမြို့နယ်အဆင့် ဌာနဆိုင်ရာများဖြစ်ကြသည့် လယ် ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ စိုက်ပျိုး ရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း၊ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဌာနအလိုက်ဆောင်ရွက်နေမှုအခြေအနေများနှင့် ဒေသဖွံ့ဖြိုးရေးအတွက်ဌာနအလိုက် ဆက်လက်ပူးပေါင်းဆောင်ရွက်ပေးမည့်အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြသည်။
ထို့နောက် ရပ်ကွက်နေပြည်သူများက လိုအပ်ချက်များအား ပြန်လည်တင်ပြဆွေးနွေးကြရာတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဥ်များအား ရှင်းလင်းပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ ဒေသခံ ပြည်သူ (၇၀) ဦး ကျော်တက်ရောက်ခဲ့ကြပြီး အခမ်း အနားအား မွန်းလွဲ ၁၂ နာရီခွဲတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)