စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တည်ဆောက်ရေးလုပ်ငန်းများမှ ကွန်ကရစ်လမ်းခင်းခြင်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေးရာနှုန်းပြည့် ပြီးစီး

စလင်း နိုဝင်ဘာ ၂၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့၌ မြို့နယ်အတွင်းရှိ ရပ်ကွက်များမှ မြေနီကျောက် စရစ်လမ်းမှ ကွန်က ရစ်လမ်းအဖြစ်အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရ အဖွဲ့ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက် လျက်ရှိရာ (၁၀၀) ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။

စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ မြေနီကျောက်စရစ်လမ်းများမှကွန်ကရစ် လမ်းများအဖြစ်သို့ ပြုပြင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့မှစတင်၍ မြေနီကျောက်စရစ်လမ်းမှ ကွန်ကရစ် လမ်းအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ခြင်းကို စလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက်လျက်ရှိရာ ဆင်ဖြူကျွန်း စာတိုက်လမ်းကွန်ကရစ်ခင်းခြင်းကို အလျား အရှည် (၁၄၈၀) ပေ၊ ကွန်ကရစ်လမ်းအကျယ် (၁၂) ပေထု (၆) လက်မ တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေ (၃၀.၆၀၀) ကျပ်သန်း၊ ဆင်ဖြူကျွန်းအမှတ် (၁) ရပ်ကွက်လမ်းနှင့်ဆင်ဖြူကျွန်း ပိုးတန်း အမကကျောင်း (အရှေ့ဘက်ခြမ်းလမ်းကွန်ကရစ် လမ်းခင်းခြင်းအရှည် ၃၈၈ ပေ၊ အကျယ် ၁၂ ပေထု ၆ လက်မ ခွင့်ပြုငွေကျပ် (၈.၁၀၀)ကျပ်သန်း အကုန်အကျခံ၍ တိုင်းဒေသကြီးအစိုးရရန်ပုံငွေတို့ဖြင့် ပြည်သူအများ ရာသီမရွေးသွားလာအဆင်ပြေနိုင်စေရန်အတွက် အရည်အသွေးပြည့်မီရေး၊ ရေရှည်တည်တံ့ခိုင်မြဲစေရေးတို့အတွက် ဆောင်ရွက်နေမှုအခြေအနေများကို အချိန်မီပြီးစီးနိုင်ရေးတို့အတွက် စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင် ရွက်သော လမ်းများအား စံချိန်စံညွှန်းပြည့်ဝစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးမြင့်မြတ်၊ စည်ပင် သာယာရေးအဖွဲ့ ဥက္ကဋ္ဌနှင့် စလင်းမြို့စည်ပင် သာယာကော်မတီ ဦးအေးပိုင်နှင့်အဖွဲ့ဝင်များ၊ ဆင်ဖြူကျွန်းမြို့စည်ပင်သာယာကော်မတီ ဦးကျော်မြင့်တို့က ပြီးစီးနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

မောင်မောင်လွင်