ပေါက်ခေါင်း ဒီဇင်ဘာ ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ညွှန်ကြားချက်များအား ပြန်လည်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များကို ညှိနှိုင်းဆွေးနွေးပြောကြားရာတွင် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် နှစ်သီး/ သုံးသီးစားစိုက်ပျိုးမှုတို့ကို သတ်မှတ်ရက် အတွင်းစိုက်ပျိုးနိုင်ရန်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ ကြွေးကျန်ပေးဆပ်ရန် ကျန်ရှိမှုအ ခြေအနေများ၊ သာသနာ့မြေအတွင်း ဈေးဆိုင်ခန်းများဖွင့်လှစ်၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေး၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကင်းရှင်းရေးအသိရှိကြဖို့၊ မြို့သန့်ရှင်းသာယာလှပရေး အလေးထားဆောင်ရွက်ကြရန်နှင့် အိမ်ထောင်စု၊ အိမ်ခြေ၊ လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူနိုင်ရေးနှင့် ပက်သက်၍ ဆွေးနွေးပြောကြားသည်။
ထို့နောက်တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက်လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ပြီး သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွနွေးခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)