သတင်းများ

ပျဉ်းမနားမြို့နယ်တွင် စာဖတ်သူများလက်ဝယ်အရောက် ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊စာစောင်များငှားရမ်းပေး
Dec 02,2022
ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများနှင့် စာသင်ကျောင်းများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့တွင် မြို့နယ်ရုံးဝန်ထမ်းများက တောင်သာရပ်ကွက်နှင့် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတို့သို့ သွားရောက် ငှားရမ်းပေးကြသည်။
လက်ပံတန်းမြို့ အလက ကျွန်းကလေးကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အဟာရတိုက်ကျွေး
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးဌာနမှ နို့စားနွားမွေးမြူသူများနှင့် ပူး‌ပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်မြင့်မားပြီး ကျန်းမာကြံ့ခိုင်စေရေးတွက် နွားနို့နှင့်ကြက်ဥများ အဟာရတိုက် ကျွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက အလက ကျွန်းကလေးကျောင်း၌ ပြုလုပ်ခဲ့သည်။
လက်ပံတန်းမြို့နယ်၌  အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေး ကွင်းဆင်းဆောင်ရွက်
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကလေးငယ်များအား အသိပညာဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သပြေကုန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ယနေ့နံနက် ၉နာရီက နယ်လှည့်စာကြည့်တိုက် အသိပညာပေးလုပ်ငန်း ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊  ပြည်နယ် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး အမှတ်စဉ်(၇/ ၂၀၂၂) သို့တက်ရောက်
Dec 02,2022
ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး အမှတ်စဉ် (၇/ ၂၀၂၂)နှင့် ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီအစည်းအဝေး အမှတ်စဉ် (၇/ ၂၀၂၂)ကို ယနေ့ နံနက်(၁၀) နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပေါင်မြို့နယ်တွင် အသက်(၂)နှစ်​အောက် က​လေးငယ်များနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံ တိုက်ကျွေး
Dec 02,2022
မွန်ပြည်နယ်၊ သထုံမြိုင်ခရိုင်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက်ရည်ရွယ်၍ မွေးစမှ အသက်(၂)အောက် ကလေးငယ်များနှင့် ကိုယ်ဝန်​ဆောင် အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက် ခဲ့ကြသည်။
လှည်းကူး အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Dec 02,2022
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့ နံနက်(၁၀)နာရီက အ.ထ.က(လှည်းကူး) အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကုန်စည်စီးဆင်းမှုပြတ်တောက်မှုမရှိစေရေး ရေတိုက်စား၍ ပျက်စီးနိုင်သည့် ကျောက်ဆည်-တံတားဦး ကားလမ်းမှ တံတားတစ်စင်အား ကျောက်ရိုးစီမြေထိန်းနံရံလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 02,2022
မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေး ရေတိုက်စား၍ ပျက်စီးနိုင်သည့် ကျောက်ဆည်-တံတားဦး မြို့ချင်းဆက်ကားလမ်းမှ တံတားအမှတ် (၃/၁) အား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မြို့နယ်ကျေးလက်လမးဦးစီးဌာနမှ ‌ကျောက်ရိုးစီမြေထိန်းနံရံ ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ပေါက်ခေါင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အထက(ပေါက်ခေါင်း)တွင် လူငယ်စကားဝိုင်း ကျင်းပ
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်အတွက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်‌နေ့ နံနက် ၉ နာရီခွဲက အထက(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။