ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်ဇနီး ရွှေတံဆိပ်ဆုရှင် ဒုံရောင်ဖူးကျော် ဇာတ်အဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး

ဘားအံ ဒီဇင်ဘာ ၂

နေပြည်တော်၊ မြို့တော်ခန်းမရှိ လဟာပြင်ကဇာတ်ရုံတွင်ကျင်းပခဲ့သော ၂၀၂၃ ခုနှစ် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်း အမှတ်ပဒေသာကပွဲတွင် သွားရောက်ဖျော်ဖြေတင်ဆက်ခဲ့သော ရွှေတံဆိပ်ဆုရှင် ဒုံရောင်ဖူးကျော်ဇာတ်အဖွဲ့သည် နိုဝင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၄ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ပြန်လည်ကပြ ဖျော်ဖြေတင်ဆက်ကြရာ ကရင်ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။

ရွှေတံဆိပ်ဆုရှင် ကရင်ပြည်နယ်ဒုံရောင်ဖူးကျော်ဇာတ်အဖွဲ့သည် မင်းသား၊ မင်းသမီး၊ လက်ထောက်မင်းသား၊ မင်းသမီး၊ ဟာသလူရွှင် တော်၊ တီးဝိုင်းအဖွဲ့၊ မိတ်ကပ်ဆရာ၊ ဒီဇိုင်နာ အပါအဝင် စုစုပေါင်း ၃၅ ဦးဖြင့်  တော်ဝင်နှစ်ပါးသွား အကဖြင့် သီဆို၊ တီးမှုတ်၊ ကပြဖျော်ဖြေတင်ဆက်ခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်းဘေဘီမြင့် ပြည်နယ် တရားလွှတ်တော်တရားသူကြီး ချုပ်ဒေါ်ခင်ဆွေ ထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အရာထမ်း၊ အမှုထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ဒေသခံတိုင်ရင်းသားပြည်သူများ ကြည့်ရှုအားပေး ခဲ့ကြသည်။

ထို့သို့ ကပြဖျော်ဖြေတင်ဆက်သွားသော ရွှေတံဆိပ်ဆုရင် ကရင်ပြည်နယ်ဒုံရောင်ဖူးကျော်နှင့် ဇာတ်အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ကိုယ်စား ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ် ၁၀ သိန်း၊ ဌာနဆိုင် ရာများနှင့်ပွဲကြည့်ပရိတ် သတ်များကိုယ်စား ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်က ငွေကျပ်ရှစ်သိန်းကိုးသောင်းငါးထောင်ကျပ်ကို ဂုဏ်ပြုဆုချီးမြှင့်ခဲ့ပြီး အမှတ်တရစုပေါင်း မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များက ဇာတ်အဖွဲ့အားရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)