ရွှေတောင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲကျင်းပ

ရွှေတောင်   ဒီဇင်ဘာ   ၂

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ဆည်ကြီးကုန်းအုပ်စု၊ အမကညောင်ဝိုင်းကျောင်းတွင် ယနေ့နံနက်ပိုင်းက (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓါတ်ပုံပြပွဲ၊ အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်ငြိမ်းငြိမ်းသန့်က ကျောင်းသား/ကျောင်းသူများအား လွတ်လပ်ရေးနေ့သမိုင်းကြောင်း၊ ဦးတည်ချက်များနှင့်စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ လူကုန်ကူးမှုတားဆီးကာကွယ်‌ရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးတို့အတွက် အသိပညာပေးအကြောင်းအရာများကို သာဓကအနေဖြင့် ဖြစ်ရပ်မှန်ဇာတ်လမ်းများကို အကျယ်တဝင့်ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူလေးများနှင့်ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများ Ice Break ပြုလုပ်ပေးခဲ့ပြီး ဒုတိယဦးစီးမှူးဒေါ်နွေးဒါလီနိုင်မှ “မင်းနိုင်ပါတယ်”စက္ကူပြဇာတ်ဖြင့်လည်းကောင်း၊ ရုပ်သံ(၃)ဒေါ်အေးအေးခိုင်မှ “စစ်မှန်သောအမွေ” ပုံပြင်စာအုပ်ဖြင့်  ပုံပြင်များပြောပြခဲ့သည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလေးများကို လွတ်လပ်ရေး‌နေ့အထိမ်းအမှတ်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာနံရံကပ်စာ‌စောင်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်‌ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နံရံကပ်စာစောင်အားပြသရာ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးမှ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြပြီး နယ်လှည့်စာကြည့်တိုက်အနေဖြင့် ယူဆောင်လာသော  စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

ကိုကိုမင်း( ပြန်/ ဆက်)