သတင်းများ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်း ဆေးရုံသုံးပစ္စည်းများလှူဒါန်းပွဲသို့ တက်ရောက်ချီးမြှင့်
Dec 02,2022
ကော့သောင်းမြို့၊ Grand Andaman Hotel မှ ကော့သောင်းခရိုင်ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ ဆေးရုံသုံးပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အစီအစဉ်တစ်ရပ်ကို ယနေ့နံနက် (၁၀) နာရီက ကော့သောင်းခရိုင်၊ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီး အစည်း အဝေးခန်းမတွင် ပြုလုပ်ရာ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီးသိန်းလင်း တက်ရောက်ချီးမြှင့်သည်။
ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် နွေစပါးဧက ၃၃၀၀ စိုက်ပျိုးထုတ်လုပ်သွားမည်
Dec 02,2022
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် နိုင်ငံစီးပွားမြှင့်တင်ရေးကဏ္ဍအနေဖြင့် နွေစပါးဧက ၃၃၀၀ စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၂၈ ရက်နေ့က မြို့နယ်အထွေထွေချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်သော သီးနှံစိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။
ကြို့ပင်ကောက်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံဆောင်းနေကြာ ၃၃၆၀ ဧက စိုက်ပျိုးပြီးစီး
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့တွင် ဒေသတွင်းစားသုံးဆီဖူလုံတိုးတက်လာစေရေးအတွက် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဆီထွက်သီးနှံနေကြာ(၃၃၆၀)ဧကအား တောင်သူများမှ စိုက်ပျိုးပြီးစီးသွားပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဇီးကုန်းမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အတိုးရငွေ(၅၀%)ဖြင့် ထရန်စဖော်မာတပ်ဆင်၍ ကျေးရွာမီးလင်းရေးဆောင်ရွက်
Dec 02,2022
ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်ကျေးရွာစီမံကိန်းအတိုးရငွေဖြင့်ဆောင်ရွက်သည့် ဘုရားကြီးကုန်းကျေးရွာအုပ်စု ပေါင်ကြီးကျေးရွာ မီးလင်းရေးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးကျော်ဇောနှင့်မီးလင်းရေးကော်မတီဝင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်၌ ကျန်းမာရေးနှင့် သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာပေး နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Dec 02,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အများပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ရည်ရွယ်လျက် ကျန်းမာရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာများနှင့် အခြားအသိပညာပေး နံရံကပ်စာစာင်များ ခင်းကျင်းပြသခြင်းကို ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ခင်းကျင်းပြသလျက်ရှိကြောင်း သိရသည်။
ကျိုက်မရော၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းစစ်ဆေး
Dec 02,2022
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်မီးဘေးလုံခြုံရေး စစ်ဆေးရေးအဖွဲ့ဝင်များက ဌာနဆိုင်ရာရုံးများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် စစ်ဆေးကြပ်မတ်ခြင်းကို ယနေ့ မွန်းလွဲပိုင်းက ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
ငဖဲမြို့နယ် သမဝါယမအသင်းစုလီမီတက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲကျင်းပ
Dec 02,2022
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် သမဝါယမအသင်းစု၏ (၂၀၂၀-၂၀၂၁)ဘဏ္ဍာရေးနှစ် နှင့် (၂၀၂၁-၂၀၂၂) မီနီဘတ်ဂျက် (၆)လတာ ကာလတို့အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်း အဝေးနှင့် အမှုဆောင်ဒါရိုက်တာအဖွဲ့ ရွေးချယ်တင်မြှောက်ပွဲအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါအသင်းစုရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးမှ လင်း‌ခေးခရိုင်အတွင်းရှိ ရုံးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Dec 02,2022
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူးဦးစိုးညွန့်ရွှေသည် လင်းခေးခရိုင်ဦးစီးမှူးလိုက်ပါလျက် လင်းခေးခရိုင်အတွင်းရှိ မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။