သတင်းများ

ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ပလက်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေး(Talk Show) ဆောင်ရွက်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်အကြောင်း သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပလက်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ ကလေးစာဖတ်ခန်းတွင် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများကျင်းပ
Dec 12,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ကလေး သူငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်စေရန်အတွက် Game ပြိုင်ပွဲများ ကျင်းပပေးခဲ့ ကြောင်း သိရသည်။
ကမမောင်းမြို့၌  လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်‌ရေးအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း  အသိပညာပေး နံရံကပ်စာစောင်များ ပြသ
Dec 12,2022
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း  အသိပညာပေး နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က ကမမောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန၌ ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ် မြသာကုန်းကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေးခြင်းဆောင်ရွက်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်မှစတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက သတ္တမအကြိမ် မြစိမ်းရောင်ရန်ပုံ‌ငွေပြန်လည် ထုတ်ချေးခြင်းကို မြသာကုန်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာစေရန် ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်လှစ်
Dec 12,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူကလေးငယ်များ ယဉ်ကျေးလိမ္မာ စေရန်ရည်ရွယ်၍ ဓမ္မစကူးလ် ယဉ်ကျေးလိမ္မာသင်တန်းကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ရှမ်းရွာသစ်မြို့ သန္တိသုခ ဘုန်းတော်ကြီးကျောင်းတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဒေသကွမ်းသီး‌ခြောက်စျေး  ယခင်နှစ်ကထက် တစ်ပိဿာကျပ် ၂၀၀၀/ခန့် ဈေးကျလာ
Dec 12,2022
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊‌ ရေဖြူမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ်ရာသီတွင် ကွမ်းသီးခြောက် ဈေးများ ယခင်နှစ်ကထက် တစ်ပိဿာကျပ် ၂၀၀၀/ခန့်ကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။
လိပ်သိုမြို့တွင် ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (ECCD) မူကြိုကျောင်းဆင်းပွဲ ပြုလုပ်
Dec 12,2022
ဂေခိုဂေဘားခရစ်ယာန်သာသနာနယ်၊ ခရစ်ယာန် ဓမ္မပညာဌာန၏ အစီအစဉ်ဖြင့် လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန်အသင်းတော်၌ ဖွင့်လှစ်သော အသင်းတော်အခြေပြု ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဘက်စုံဖွံ့ဖြိုးရေး (ECCD) မူကြိုကျောင်းဆင်းပွဲ  အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က လိပ်သိုမြို့ ကရင်နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်း၌ ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။
တောင်ငူ-လွိုင်ကော်-ဟိုပုန်းပြည်ထောင်စုလမ်း ကရင်ပြည်နယ် လိပ်သိုအပိုင်းတွင် ရေလွှာပိတ်နိမ့်မြင့်ညှိ ကတ္တရာခင်းခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီး
Dec 12,2022
တောင်ငူ-လိပ်သို-လွိုင်ကော်-ဟိုပုန်း ပြည်ထောင်စုလမ်း N H (21) ကရင်ပြည်နယ် လိပ်သိုအပိုင်းရှိ လမ်းတစ်လျှောက်မှာ မိုးများသောတောင်ပေါ်ဒေသဖြစ်ခြင်း၊ အကွေ့အကောက်များခြင်း၊ လမ်းအနေအထားအရ (၂) ထပ်ကွေ့ (၃) ထပ်ကွေ့များရှိနေသောကြောင့်  မိုးတွင်းကာလတွင် မိုးရေများ တိုက်စားခြင်း ၊ လမ်းပခုံးများ ပဲ့ကျခြင်း၊ တောင်နံရံများ လမ်းပေါ်သို့ ပြိုကျခြင်း၊ မြေလွှာနိမ့်ဝင်ခြင်းတို့ကြောင့် သွားလာအသုံး၍ ရနေသော်လည်း အဆင်ပြေချောမွေ့မှုမရှိကြောင်း ယာဉ်မောင်းများထံမှ သိရသည်။