ရှမ်းရွာသစ်မြို့လူထုအခြေပြုဗဟိုဌာနတွင် ပလက်စတစ်သုံးစွဲမှု လျော့ချရေး အသိပညာပေး(Talk Show) ဆောင်ရွက်

 

ရှမ်းရွာသစ်   ဒီဇင်ဘာ   ၁၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်အကြောင်း သိရှိစေရန်နှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ပလက်စတစ်သုံးစွဲမှုလျော့ချရေး အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို ယနေ့နံနက်(၉) နာရီအချိန်က ပြည်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဇင်မိုးအေးက  ပြည်သူများ အသိပညာ ဗဟုသုတ မြင့်မားစေရေးအတွက် အွန်လိုင်းစနစ်ဖြင့် (Talk Show) ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်နော်ဝင်းစိန်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရခြင်း၏ ရည်ရွယ်ချက်များ ၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်ရသည့် အကြောင်းအရာများ၊ စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရမည့် နည်းလမ်းများ၊ သစ်တောသစ်ပင်များကို ထိန်းသိမ်းဆောင်ရွက်ရမည့် နည်းလမ်းများ စသည့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သည့် အကြောင်းအရာများ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ စာပေအသိပညာနှင့် ပြင်ပအသိပညာဗဟုသုတများ တိုးပွားစေရေးအတွက် ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်း အဖွဲ့များကို ဖိတ်ခေါ်၍ အွန်လိုင်းစနစ်ဖြင့် အသိပညာပေး ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် စီစဉ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)