ကျောက်မဲ ဒီဇင်ဘာ ၁၂
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမ ကလေးစာဖတ်ခန်းတွင် ယမန်နေ့နံနက် ၁၀ နာရီခန့်က ကလေး သူငယ်များ ကာယ၊ ဉာဏစွမ်းရည်တိုးတက်စေရန်အတွက် Game ပြိုင်ပွဲများ ကျင်းပပေးခဲ့ ကြောင်း သိရသည်။
ကလေးငယ်များ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေနှင့် စာဖတ်သည့် အလေ့အကျင့်ရရှိစေရန် ကျောက်မဲခရိုင်ရုံးမှ ဝန်ထမ်းများက ကလေးများနှင့် ဆေးရောင်ခြယ်ခြင်း၊ ပုံပြောခြင်း၊ ဂိမ်းကစားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကစားပွဲကို ကျောက်မဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ အချိန် သတ်မှတ်ပေးကာ စာကြည့်တိုက်သို့ လာရောက်သောကလေးများကလဲ ပျော်ရွှင်စွာပါဝင် ကစားခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)