ရေဖြူ ဒီဇင်ဘာ ၁၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်ရှိ ကျေးလက်နေတောင်သူများ ယခုနှစ်ရာသီတွင် ကွမ်းသီးခြောက် ဈေးများ ယခင်နှစ်ကထက် တစ်ပိဿာကျပ် ၂၀၀၀/ခန့်ကြောင်း ကွမ်းသီးခြံလုပ်ငန်းရှင်များထံမှ သိရသည်။
ကွမ်းသီးပင်စိုက်ပျိုးနေသည့် တောင်သူများ တစ်နှစ်ထက်တစ်နှစ် ပိုမိုစိုက်ပျိုးလာကြပြီး ယခုဒီဇင်ဘာလ အထွက်များ၍ ဈေးကျလျက်ရှိကြောင်း သိရသည်။ မနှစ်က ဒီအချိန် တစ်ပိဿာ ၆၀၀၀/ကျော် ရရှိနေပြီး ယခုနှစ်ဒီဇင်ဘာလတွင် ကျပ် ၄၂၀၀/ အထိ ကျဆင်းလာကြောင်း သိရသည်။
ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သည့် ဧကနိ၊ ရငဲ ၊ဝန်ဖို့၊ ကျောက်္ကညာ၊ ညင်းထွေး၊ တလိုင်းယာစသည့်ကျေးရွာများရှိ တောင်သူများသည် ကွမ်းသီးပင်စိုက်ပျိုးခြင်းဖြင့် အသက်မွေးကြပြီး ယခုနှစ်တွင် အထွက်နှုန်းများ ရှိကြသည်။ ခြံရှင်များ အနေဖြင့် ယခုထက် ပိုဈေးရလိုသဖြင့် စရိတ်ရရှိရန်သာ ရောင်းချကြပြီး ဈေးတက်ရန် မျှော်လင့်နေကြကြောင်း သိရသည်။
ခတ္တာ(ပြန်/ဆက်)